မောင်တောမြောက်ပိုင်းတွင် အကြမ်းဖက်သမားများနှင့် လုံခြံုရေးတပ်ဖွဲ့ တိုက်ခိုက်မှုဖြစ်

မောင်တောမြောက်ပိုင်းတွင် အကြမ်းဖက်သမားများနှင့် လုံခြံုရေးတပ်ဖွဲ့ တိုက်ခိုက်မှုဖြစ်

ရန်ကုန်၊ နိုဝင်ဘာ ၁၂ ။                ။ မောင်တောမြို့နယ် မြောက်ပိုင်းရှိ မျောတောင်နှင့် ပွင့်ဖြူချောင်းအနီးတွင် ယနေ့နံနက် ၆နာရီခန့်တွင် အကြမ်းဖက် သမားများနှင့် လုံခြံုရေးတပ်ဖွဲ့ဝင်တို့ ထိတွေ့တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်ဟု မောင်တော မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းလှစိန်၏ ပြောပြချက်အရ သိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် တပ်မတော်ဘက်မှ တစ်ဦးကျဆုံုးခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်သူဘက်မှ ကျဆုံးမှုအခြေအနေကိုတော့ မသိရှိရသေးကြောင်း ၄င်းကပြောသည်။

“ လတ်တလော ဖြစ်တာကတော့ သူတို့ (အကြမ်းဖက်တိုက်ခိုက်သူ)ဘက်က စပစ်တာလို့ပြောတာပဲ " ဟု ဦးထွန်းလှစိန်က ပြောသည်။

အတည်မပြုနိုင်သေးသည့် သတင်းများအရ အကြမ်းဖက်သူ အလောင်း ၂ လောင်းနှင့် လက်နက်ငယ် တစ်လက်သိမ်းစီး ရမိထားကြောင်း သိရသည်။

အကြမ်းဖက်သူများသည် တောင်ပေါ်မှ လှမ်းပစ်သောကြောင့် အင်အားမည်မျှပါသည်ကို အတည်မပြုနိုင်သေးကြောင်း ဦးထွန်းလှစိန်က ဆိုသည်။ လက်ရှိတွင် လုံခြံုရေးတပ်ဖွဲ့ဝင်များမှ အကြမ်းဖက်သူများ ကို လိုက်လံ ရှာဖွေလျှက်ရှိပြီး အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်နှင့် ပက်သက်ပြီး အစိုးရဘက်မှ သတင်းထုတ် ပြန်ပေးခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly