ELeven CEO ဒေါက်တာသန်းထွဋ်အောင်နှင့် အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို အင်းစိန်ထောင်တွင် ထိန်းသိမ်းထား

ELeven CEO ဒေါက်တာသန်းထွဋ်အောင်နှင့် အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို အင်းစိန်ထောင်တွင် ထိန်းသိမ်းထား
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ဆက်သွယ်ရေး ဥပဒေပုဒ်မဖြင့် ၆၆ (ဃ)ဖြင့် တရားစွဲဆိုထားသည့် Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်နှင့် အယ်ဒီတာချုပ်ဖြစ်သူ ဦးဝေဖြိုးတို့ကို နိုဝင်ဘာလ ၂၅ ရက်နေ့အထိ အင်းစိန်ထောင်တွင် ချုပ်နှောင်ထားခွင့် ယမန်ပေးခဲ့ကြောင်း တာမွေမြို့နယ် တရားသူကြီး ဒေါ်သူဇာလှိုင်က ပြောသည်။

"ပုဒ်မ ၆၆ (ဃ) ဟာ မရှိသင့်ဘူး" လို့ အယ်ဒီတာချုပ် ဦးဝေဖြိုးက ယမန်ယူပြီး တာမွေတရားရုံးက အထွက်တွင် မီဒီယာများကို ဖြေဆိုခဲ့သည်။ Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်နှင့် အယ်ဒီတာချုပ်ဖြစ်သူ ဦးဝေဖြိုးတို့သည် အ‌ရှေ့ပိုင်‌းခရိုင်ရဲတပ်ဖွဲ့မှူးရုံးသို့ ယ‌နေ့ ‌နေ့လယ် ၁ နာရီခန့်တွင် လာရောက်ဖမ်းဆီးခံခဲ့ကြောင်း အဆိုပါ အမှုကို ကိုင်တွယ်သည့် ဒုတိယရဲမှူးကြီး မြင့်ထွေးက မီဒီယာများကို ဖြေဆိုထားသည်။

"အမှုနဲ့ပတ်သက်ပြီး တည်ဆောက်မယ်။ သက်သေခံပစ္စည်း သိမ်းဆည်းစရာရှိရင် သိမ်းဆည်းမယ်၊ ၆၆ (ဃ) နဲ့ ယမန်ယူဆောင်ရွက်ပြီးရင် ဒါကို ဥပဒေအကြံတောင်းမယ် အမြန်ဆုံး တရားစွဲဆောင်ရွက်ဖို့ စီစဉ်သွားပါမယ် " ဟု ဒုရဲမှူးကြီး မြင့်ထွေးက ပြောသည်။

Daily Eleven သတင်းစာ၏ နိုဝင်ဘာလ ၆ ရက်ထုတ် သတင်းစာတွင် ဖော်ပြခဲ့သည့် “ရွေးကောက်ပွဲ တစ်နှစ်ကြာသော်” အယ်ဒီတာအာဘော်တွင် ဝန်ကြီးချုပ်တစ်ဦး ဝတ်ဆင်သည့် ဒေါ်လာတစ်သိန်းခန့် တန်သည်ဆိုသည့် Patek Phillipe နာရီကိစ္စနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ အစိုးရအဖွဲ့က အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly