Eleven အမှု မရုပ်သိမ်းမချင်း စာနယ်ဇင်းကောင်စီ ကြားဝင်ဆောင်ရွက်ပေးနိုင်မည်မဟုတ်

Eleven အမှု မရုပ်သိမ်းမချင်း စာနယ်ဇင်းကောင်စီ ကြားဝင်ဆောင်ရွက်ပေးနိုင်မည်မဟုတ်

ရန်ကုန်၊ နိုဝင်ဘာ ၁၁ ။             ။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် Eleven Media Group အပေါ် ပြစ်မှုကြောင်းအရ အမှုဖွင့်ထားသည့်အတွက် သတင်းမီဒီယာကောင်စီအနေဖြင့် ကြားဝင်ဖြေရှင်းပေး၍ မရကြောင်း သတင်းမီဒီယာကောင်စီက နိုဝင်ဘာ ၁၀ ရက် ရက်စွဲဖြင့်ထုတ်ပြန်ကြေညာခဲ့သည်။

"အမှုကိုရုပ်သိမ်းမှသာ သတင်းမီဒီယာကောင်စီအနေနဲ့ ဆက်လက်ဆောင်ရွက်နိုင်မှာပါ" ဟု မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဌ(၁) ဦးအောင်လှထွန်းက မဇ္ဈိမကို ပြောသည်။

သတင်းမီဒီယာနည်းပဒေပုဒ်မ ၃၇ တွင် နစ်နာသောဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်သည် ကောင်စီသို့ တိုင်ကြားလွှာဖြင့် တိုင်ကြားပြီးနောက်တွင် ပြစ်မှုကြောင်းအရဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေတရားရုံးသို့ စွဲဆိုလျှင် ကောင်စီသို့ တိုင်ကြားခဲ့သော တိုင်ကြားလွှာကို ပြန်လည်ရုပ်သိမ်းရမည်ဟု ပါရှိသည်။

ဝန်ကြီးချုပ်တစ်ဦးအား စီးပွားရေလုပ်ငန်းရှင်တစ်ဦးက ဒေါ်လာ ၁သိန်းတန် နာရီတလုံး ပေးခဲ့ကြောင်း နိုဝင်ဘာ လ ၆ ရက်နေ့ Daily Eleven သတင်းစာပါ အာဘော်တွင် ဖော်ပြခဲ့ခြင်းနှင့် စပ်လျဉ်းပြီး တိုင်းအစိုးရအဖွဲ့က Eleven CEO ဒေါက်တာသန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် တာမွေမြို့နယ် ရဲစခန်းတွင် အမှုဖွင့်ထားခြင်းဖြစ်သည်။

Eleven Media Group ရေးသားဖော်ပြချက်များအပေါ် သတင်းမီဒီယာကောင်စီက ဖြေရှင်းပေးရန် အတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့ကိုယ်စား ညွှန်ကြားရေးမှူးဦးမိုးဟိန်းက နိုဝင်ဘာလ ၈ ရက်၌ သတင်းမီဒီယာကောင်စီကို တိုင်ကြားထားခြင်းဖြစ်သည်။

"မနေ့က GM ကိုထိန်လင်းသွားရင်းနဲ့  ရ ရက်လို့တောင်းလာတယ် သူတို့ဘက်ကတော့ ဘယ်လိုသဘောထားရှိမလဲ မသိဘူး။ ဒီဘက်ကတော့ ရ ရက်လို့ပြောထားခဲ့တယ်" ဟု Daily Eleven သတင်းထောက်ချုပ် ဦးမာန်သူရှိန်က နိုဝင်ဘာ ၁၁ရက်က မဇ္ဈိမကို ပြောသည်။

အဆိုပါ အမှုကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ဒုတိယရဲမှူးကြီးမြင့်ထွေးကို ဆက်သွယ်မေးမြန်းပေမယ့် အစည်းအဝေးခန်းထဲ ရောက်ရှိနေကြောင်း ပြန်လည်ဖြေဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly