Game of Thrones သရုပ်ဆောင်များ စပိန်ဘောလုံးကလပ် ဆီဗီလာ ပွဲကို သွားရောက်အားပေးခဲ့ကြ

Game of Thrones သရုပ်ဆောင်များ စပိန်ဘောလုံးကလပ် ဆီဗီလာ ပွဲကို သွားရောက်အားပေးခဲ့ကြ

မင်းသမီးချော Emilia Clarke ၊ မင်းသား Peter Dinklage နှင့် မင်းသား Kit Harington တို့ အပါအဝင် ကမ္ဘာကျော် ရုပ်သံစီးရီး Game of Thrones ၏ သရုပ်ဆောင် တော်တော်များများသည် စပိန် ဘောလုံးအသင်း ဆီဗီလာ၏ ပရိသတ်များ ဖြစ်ကြကာ၊ ဆီဗီလာ နှင့် ဘာစီလိုနာပွဲကို အတူတူ သွားရောက် ကြည့်ရှှုအားပေးခဲ့ကြကြောင်း တိုင်းမ် မဂ္ဂဇင်းက ရေးသား ဖော်ပြထားသည်။

ထိုပွဲကို သွားရောက် ကြည့်ရှှုရန်အတွက်၊ Game of Thrones (season 7) ရိုက်ကူးရေးကို တနင်္ဂနွေနေ့ နေ့လည်က ရပ်နားထားခဲ့ကြောင်း ဖော်ပြထားသည်။

ဆီဗီလာအသင်း၏ အိမ်ကွင်း Ramón Sánchez Pizjuán တွင် VIP ပွဲကြည့်စင်မှနေ၍ အိမ်ရှင်အသင်းကို အားပေးခဲ့ကြခြင်း ဖြစ်သည်။

ဆီဗီလာ ဘောလုံးကလပ် ဥက္ကဌ Jose Castro သည် သရုပ်ဆောင်များအား အသင်းအမှတ်တရ ရှပ်အင်္ကျ ီများ လက်ဆောင်ပေးခဲ့သည်။

Game of Thrones ကြယ်ပွင့်များ သွားရောက်အားပေးခဲ့သော်လည်း ဆီဗီလာ မှာ ဘာစီလိုနာကို ၂ဂိုး ၁ဂိုး ဖြင့် ရှုံးနိမ့်သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly