အမှိုက်ကောက်ရင်း သီဆိုလို့ရမယ့် “စည်​းကမ်​း”

အမှိုက်ကောက်ရင်း သီဆိုလို့ရမယ့် “စည်​းကမ်​း”

ရန်ကုန်၊ နိုဝင်ဘာ ၈ ။                ။ ဝိုင်းလေးသီဆိုထားပြီး  စည်းကမ်းလို့ အမည်ပေးထားတဲ့ တေးသီးချင်းဟာ အများပြည်သူတွေ စည်းကမ်းလိုက်နာဖို့ ပူးပေါင်းပါဝင်လာစေရန် လှုံ့ဆော်ထားတဲ့ သီချင်းဖြစ်တဲ့အတွက် လူတွေ အားလုံး အမှိုက်ကောက်ရင်း သီဆိုလို့ ရမယ့် သီချင်းတစ်ပုဒ် ဖြစ်တယ်လို့ တေးရေး မင်းချစ်သူက ပြောပါတယ်။

" အများပြည်သူတွေ အားလုံးကြားထဲ ပျံ့နှံဖို့ရည်ရွယ်ပါတယ်။ စည်ကမ်းလိုက်နာစေဖို့ အားလုံးပါဝင် လာစေလိုပါတယ်။ အစိုးရပိုင်းတွေအထိ ရောက်အောင်လည်း လုပ်သွားမယ်။ စည်းကမ်းသီချင်းက အမှိုက်ကောက်ရင်းနဲ့တောင် သီဆိုလို့ ရမှာပါ" လို့ တေးရေး မင်းချစ်သူက ပြောပါမယ်။

တေးသီချင်း တစ်ပုဒ်သာ ပါဝင်တဲ့ အဆိုပါ single album ကို နိုဝင်ဘာ ၁၀ရက် တွင် Myanmar music store မှ ဖြန့် ချိမှာ ဖြစ်ပြီး အွန်လိုင်းမှ ဖြန့်ချိသွားမည့်အပြင် ဌာနဆိုင်ရာတွေကိုပါ ပေးပို့သွားမှာ   ဖြစ်တယ်လို့လည်း သိရပါတယ်။

တေးရေး မင်းချစ်သူ ရေးသားပြီး ဒါရိုက်တာသုံးပေါင် ရိုက်ကူးထားတဲ့ စည်းကမ်း single တေးသီချင်း MTV ကို ဝိုင်းလေးနဲ့ ချာလီတို့က ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပြီးတော့ စာနယ်ဇင်းမိတ်ဆက်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၈ ရက်က orchid ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly