သီတင်းပတ်ကုန် ရုပ်ရှင်ဝင်ငွေဇယားတွင် Doctor Strange ဇာတ်ကားက ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့

သီတင်းပတ်ကုန် ရုပ်ရှင်ဝင်ငွေဇယားတွင် Doctor Strange ဇာတ်ကားက ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့

Marvel ရုပ်ရှင်ကုမ္ပဏီ၏ Doctor Strange ဇာတ်ကားသည် အမေရိကန်တွင် ပွဲဦးထွက် ရုံတင်ပြသခဲ့သည့် ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် ရုပ်ရှင်ပရိသတ်များကို ဆွဲဆောင်နိုင်ခဲ့ပြီး ဝင်ငွေ ဒေါ်လာ ၈၅ သန်း ရရှိခဲ့သည်။

မင်းသား Benedict Cumberbatch ပါဝင် သရုပ်ဆောင်ထားသော စူပါသူရဲကောင်း ရုပ်ရှင် Doctor Strange သည် Iron Man စတင်ရုံတင်ခဲ့စဉ်က ရရှိငွေ (ဒေါ်လာ ၉၈ဒသမ၆သန်း) နှင့် Guardians of the Galaxy စတင်ရုံတင်ခဲ့စဉ်က ရရှိငွေ (ဒေါ်လာ ၉၄ဒသမ၃သန်း) တို့ကို မမီခဲ့သော်လည်း၊ ပြီးခဲ့သည့် သီတင်းပတ်ကုန် ရုပ်ရှင်ဝင်ငွေဇယားကို လွှမ်းမိုးထားနိုင်ခဲ့သည်။

သီတင်းပတ်ကုန် ရုပ်ရှင်ဝင်ငွေဇယားတွင် အန်နီမေးရှင်းဇာတ်ကား Trolls က ဒေါ်လာ ၄၅ဒသမ၆သန်း ဖြင့် ဒုတိယနေရာကို ရယူနိုင်ခဲ့ပြီး၊ Hacksaw Ridge ဇာတ်ကားက ဒေါ်လာ ၁၄ဒသမ၈သန်းဖြင့် တတိယ နေရာတွင် ရှိခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly