စပါးစိုက်ပျိုးမှု လျှော့ချရန် ထိုင်းအစိုးရ တိုက်တွန်း ဆောင်ရွက်မည်

စပါးစိုက်ပျိုးမှု လျှော့ချရန် ထိုင်းအစိုးရ တိုက်တွန်း ဆောင်ရွက်မည်

ဘန်ကောက်၊ နိုဝင်ဘာ ၇ ။                ။ ဆန်စပါးစိုက်ပျိုးမှု ပမာဏ လျှော့ချရေး ရေရှည်အစီအစဉ်များကို ချမှတ်ပြီး ဝင်ငွေကောင်းမည့် အခြားအစားထိုး သီးနှံများ စိုက်ပျိုးရေးအတွက် ထိုင်းအစိုးရက   ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆန်စပါးဈေးနှုန်းများ ကျဆင်းမှုများကို ဖြေရှင်းရန် ဝန်ကြီးပရာယွတ်ချန်အိုချာ ဥက္ကဌအဖြစ် ဆောင်ရွက်သည့် နိုင်ငံတော်ဆန်စပါးမူဝါဒရေးရာကော်မတီ အစည်းအဝေးတွင် ရေတိုရေရှည် လုပ်ငန်းစဉ်များကို ဆွေးနွေးမည်ဖြစ်သည်။

စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးသမဝါယမဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် သီရာပက်ပရာယွန်ဆစ်သီက စိုက်ပျိုးရေးဌာနဆိုင်ရာ အကြီးအကဲများနှင့် ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် လယ်သမားများ အနေဖြင့် စပါးစိုက်ပျိုးမှုပမာဏလျှော့ချကာ ဝင်ငွေကောင်းနှင့် အခြားသီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် တိုက်တွန်းအား ပေးမည့် အစီအစဉ်များကို ဆွေးနွေးခဲ့သည်။

ယခုနှစ်အတွင်း ပထမအကြိမ် စိုက်ပျိုးမှုကာလတွင် စပါးတန်ချိန် ၂၃ သန်းထွက်ရှိခဲ့ပြီး ဒုတိယအကြိမ်တွင် တန်ချိန် ၈ သန်းထပ်မံထွက်ရှိခဲ့သည်။ နိုင်ငံတွင်း ဆန်များ အလျှံအပယ်မဖြစ်စေဘဲ ဈေးနှုန်းကို ထိန်းထားနိုင်ရန် အစိုးရက ဒုတိယစပါးအား တန်ချိန် ၄ သန်းသာ ထွက်ရန် လိုလားခဲ့သည်။

ထိုင်းနိုင်ငံတွင်း နှစ်စဉ် ဆန်စားသုံးမှု တန်ချိန် ၁၀ သန်းရှိပြီး ပြည်ပသို့ တင်ပို့မှု ၈တန်မှ ၁၀ တန်အကြားရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly