လမ်းဘေးစျေးသည်များကို စနစ်တကျစျေးရောင်းနိုင်ရန် စီမံပေးဖို့ အဆို ရန်ကုန်တိုင်းလွှတ်တော် အတည်ပြု

လမ်းဘေးစျေးသည်များကို စနစ်တကျစျေးရောင်းနိုင်ရန် စီမံပေးဖို့ အဆို ရန်ကုန်တိုင်းလွှတ်တော် အတည်ပြု

ရန်ကုန်၊ နိုဝင်ဘာ ၄ ။            ။ ရန်ကုန်မြို့တွင်းရှိ အများပြည်သူပိုင်လမ်းမများပေါ်တွင် ဈေးရောင်း၍ အသက်မွေးနေသော ဈေးသည်များအား မြို့ပြအဂါၤရပ်နှင့်အညီ စနစ်တကျ ဈေးရောင်းချနိုင်ရန်   ကောင်းမွန်သော အစီအမံများ စီမံပေးပါရန် တိုက်တွန်းကြောင်းအဆိုကို ယနေ့(နိုဝင်ဘာ ၄ ရက်)တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ ကန့်ကွက်သူမရှိ အတည်ပြုလိုက်သည်။

၎င်းအဆိုကို ကျောက်တံတားမဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက တင်သွင်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် (၈) ဦးက ထောက်ခံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

"အခုအချိန်ဟာ ဥပဒေကို လိုက်နာဖို့ ပညာပေးရမယ့်အချိန်မဟုတ်ပါဘူး။ ဥပဒေချိုးဖောက်တဲ့သူတွေကို ထိထိရောက်ရောက် အရေးယူဖို့ အချိန်ဖြစ်နေပါပြီ" ဟု ထောက်ခံဆွေးနွေးခဲ့သူ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက လမ်းဘေးဈေးသည်များကို ဥပဒေများနှင့်အညီ ထိရောက်စွာ စည်းကမ်းကြပ်မတ်၍ ထိန်းသိမ်းသင့်ကြောင်း အကြံပြုခဲ့သည်။

သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဖြစ်သည့် မြို့တော်ဝန်ဦးမောင်မောင်စိုးက လမ်းဘေးဈေးသည်များကို စနစ်တကျ စီမံရန် မလွဲမသွေရင်ဆိုင်ဖြေရှင်းရမည်ဖြစ်ပြီး အကြံပြုဆွေးနွေးသော လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံပြုချက်များကို မှတ်သားထားမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

ရန်ကုန်မြို့တွင်း ၆ မြို့နယ်၏ အများပြည်သူပိုင်မြေနှင့် လမ်းမများပေါ်တွင် ရောင်းချနေသည့် လမ်းဘေးဈေးသည် အား လုံးကို ဈေးရောင်းချခွင့် လိုင်စင် ပြုလုပ်ပေးသွားမည်ဖြစ်ပြီး   ဈေးရောင်းချရန် နေရာသတ်မှတ်ပေးသွားမည် ဖြစ်ကြောင်း အောက်တိုဘာ ၁၄ ရက်နေ့က ပြုလုပ်သည့် ဒုတိယအကြိမ်မြောက် ရန်ကုန်တိုင်းလွှတ်တော် တတိယပုံမှန် အစည်းအဝေး(နဝမနေ့)တွင် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောဆိုခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly