ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုထားတဲ့ နှင်းဝတ်ရည်ထွန်းရဲ့ အလွမ်းပြတိုက်

ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုထားတဲ့ နှင်းဝတ်ရည်ထွန်းရဲ့ အလွမ်းပြတိုက်

ရန်ကုန်၊ နိုဝင်ဘာ ၄ ။                   ။ အဆိုရှင်သစ် နှင်းဝတ်ရည်ထွန်းရဲ့ အလွမ်းပြတိုက် လို့ နာမည်ပေးထားတဲ့ တေးစီးရီးသစ်ကို နိုဝင်ဘာ ၄ ရက်က Orchid ဟိုတယ်မှာ စာနယ်ဇင်းတွေကို စတင်မိတ်ဆက်ခဲ့ပါတယ်။

တေးသီချင်း ၁၂ ပုဒ်ပါဝင်တဲ့ အဆိုပါ အလွမ်းပြတိုက် တေးစီးရီးကို တေးသံရှင် နှင်းဝတ်ရည်ထွန်း ကိုယ်တိုင် ရေး သားထားတာဖြစ်ပြီး ပေါ့ရော့ခ်အမျိုးအစားတွေ ပါဝင်ထားကြောင်း သိရပါတယ်။

အဆိုရှင် နှင်းဝတ်ရည်ထွန်းက “ ဒီအခွေလေးထဲမှာပါတဲ့ သီချင်းတွေ အားလုံးက အလွမ်းသီချင်းတွေချည်းပဲမို့ သီချင်း နာမည်တွေထဲမှာ မပါတဲ့ အလွမ်းပြတိုက်ဆိုတဲ့ နာမည်ကို ပေးထားတာပါ။ အားလုံးကလည်း owntune တွေချည်းပါပဲ။ ပုံစံအသစ်တွေကို ကြိုက်တဲ့ ပရိသတ်တွေနဲ့ ခံစားချက်ချင်းတူတဲ့ ပရိသတ်တွေကိုတော့ နားထောင်စေချင်ပါတယ်။ အား ပေးကြပါဦး ပြောချင်ပါတယ်။” လို့ စာနယ်ဇင်း ရှင်းလင်းပွဲမှာ ပြောပါတယ်။

အဲဒီ အလွမ်းပြတိုက် တေးစီးရီးကို အဆိုရှင် နှင်းဝတ်ရည်ထွန်းအနေနဲ့ သုံးနှစ်ကျော်ကြာ အချိန်ယူပြင်ဆင်ထားပြီး Lucky Hand နှင့် CiCada Band တို့မှ တီးခတ်ပေးထားတာ ဖြစ်ပါတယ်။

အလွမ်းပြတိုက် တေးစီးရီးခွေကို နိုဝင်ဘာလ ၆ ရက်မှာ ချိုကြည်သာတေးသံတွင်းက စတင်ဖြန့်ချိမှာ ဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly