ရန်ကုန်မြို့သစ် စီမံကိန်း ဆက်လက် အကောင်အထည်ဖော်သွားမည်

ရန်ကုန်မြို့သစ် စီမံကိန်း ဆက်လက် အကောင်အထည်ဖော်သွားမည်

ရန်ကုန်၊နိုဝင်ဘာ ၄ ။               ။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင် ရန်ကုန်မြို့သစ်စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွား မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက နိုဝင်ဘာ ၄ ရက်နေ့တွင် ပြုလုပ်သည့် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်၌ ပြောကြားလိုက်သည်။

တွံတေးမြို့နယ် ၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇင်ဦး၏ ရန်ကုန်မြို့ သစ်စီမံကိန်းကို အစိုးရအဖွဲ့မှ မည်ကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်မည်ကို သိရှိလိုကြောင်း မေးမြန်းမှုကို ဦး မောင်မောင်စိုးက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

" Master Plan ကိုလည်း ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်ချက်နဲ့အညီ အသေးစိတ်ရေးဆွဲနေပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး ကြည့်မြင်တိုင်မြို့နယ် တစ်ဖက်ကမ်းမှာ ရှိတဲ့ တွံတေး၊ ကြည့်မြင်တိုင်မြို့နဲ့ ဆိပ်ကြီးခနောင်တို မြို့နယ် သုံးမြို့နယ်ရဲ့ မြေ ဧရိယာပေါ်မှာ အကောင်အထည်ဖော်ဆောင်ရွက်မယ့် ရန်ကုန်မြို့သစ်စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အ နေနဲ့ ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ဦးမောင်မောင်စိုးက ပြောသည်။

အစိုးရအဖွဲ့အနေဖြင့် မည်သည့်အချိန်တွင် မည်ကဲ့သို့စီစဉ်ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း လွှတ်တော်ကိုယ်စား လှယ်က မေးမြန်းခဲ့ရာတွင် မြို့တော်ဝန်ဦးမောင်မောင်စိုးက "ရန်ကုန်မြို့တော်စီမံကိန်း အကောင်အထည်ဖော်ဆောင် ရွက်မှုကို နှစ်အလိုက် တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်သွားမည်" ဟု ပြန်လည်ဖြေကြားခဲ့သည်။

" သူတို့ Master Plan ဆွဲတယ်ဆိုတော့ ဆွဲပြီးရင်လွှတ်တော် တင်ပြရမယ်။ ဒီလွှတ်တော်တင်ပြပြီးတော့မှ ရှေ့ဆက် ပြီး ဘယ်လိုဆက်လုပ်မလဲ ဆိုတာ စောင့်ကြည့်သွားမယ်" ဟု မေးခွန်းမေးမြန်းခဲ့သူ ဒေါက်တာကျော်ဇင်ဦးက လွှတ်တော် အပြီး မီဒီယာများနှင့် တွေ့ဆုံစဉ် ဖြေကြားသွားသည်။

ရန်ကုန်မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာစီမံကိန်းကို ၂၀၁၃ ခုနှစ်က ဂျပန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေ ဂျင်စီနှင့် ပူးပေါင်းကာ ရေးဆွဲခဲ့ခြင်းဖြစ်ပြီး တိုးတက်လာမည့် လူဦးရေအတွက် ရန်ကုန်မြို့ကို ၂၀၅၀ အထိရည်ရွယ်ပြီး ရေးဆွဲထားခြင်း ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly