ဗေဒါ Institute မှ ကိုမျိုးရန်နောင်သိန်းကို ပုဒ်မ ၆၆(ဃ)ဖြင့် ဖမ်းဆီး

ဗေဒါ Institute မှ ကိုမျိုးရန်နောင်သိန်းကို ပုဒ်မ ၆၆(ဃ)ဖြင့် ဖမ်းဆီး
ဓာတ်ပုံ - Myo Yan Naung Thein Facebook

ရန်ကုန်၊ နိုဝင်ဘာ ၃ ။            ။ ဗေဒါ Institute ဦးဆောင်သူ ကိုမျိုးရန်နောင်သိန်းအား ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ အမှုဖွင့်ထားသည့်အတွက် လှိုင်မြို့မရဲ စခန်း၌ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် စစ်ဆေးလျှက်ရှိနေကြောင်း ရဲစခန်းမှ တာဝန်ရှိ သူတစ်ဦးက မဇ္ဈိမသို့ အတည်ပြုပြောကြားသည်။

 “တပ်မတော်က တရားလိုလုပ်ဖွင့်တယ်လို့ ကျွန်တော်တို့ အဲ့လိုတော့ သိရတယ်ခင်ဗျ “ ဟု ၎င်းက ပြောသည်။ သို့သော် မည်သူက တရားစွဲဆိုသည်ကိုမူ မဇ္ဈိမက သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ပုဒ်မ ၆၆(ဃ) လှိုင်မြို့မရဲစခန်းတွင် အမှုဖွင့်ထားခြင်းဖြစ်ပြီး  နိုဝင်ဘာ ၃ ရက် ၄ နာရီခန့်တွင် လာရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ကိုမျိုးရန်နောင်သိန်းနှင့် နီးစပ်သူတစ်ဦးဖြစ်သည့် နိုင်ငံရေးအကျဉ်း သားဟောင်း ကိုအောင်ကျော်က ဆိုသည်။

“ ၆၆ (ဃ) လို့ပြောတယ် သူတို့ တိုင်းစစ်ဌာနချုပ်က ပါတယ်လို့ပြောတယ် လာဖမ်းတဲ့ ၆ယောက် ၇ ယောက်ထဲမှာ ရဲ လည်းပါတယ် "  ဟု ၎င်းက ပြောသည်။

 ကိုမျိုးရန်နောင်သိန်း၏  အမျိုးသမီးကို ဆက်သွယ်မေးမြန်းရာတွင် လှိုင်မြို့မရဲစခန်းသို့ လိုက်သွားနေပြီး အပြည့်အစုံ မသိရနိုင်သေးကြောင်း ပြောသည်။

 “ကို မျိုးရန်နောင်သိန်း ကို ဖမ်းသွားတာပဲသိတယ်။ အစ်မတို့လည်း သေသေချာချာ မသိသေးဘူးရှင့်။ ဘာကြောင့် ဖမ်းတယ်ဆိုတာ " ဟု ကို မျိုးရန်နောင်သိန်း၏ အမျိုးသမီးဖြစ်သူက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly