ကြည့်ရှုသူ သန်း၃၀ စံချိန်တင်ခဲ့တဲ့ “TT” တေးဂီတ ဗီဒီယို

ကြည့်ရှုသူ သန်း၃၀ စံချိန်တင်ခဲ့တဲ့ “TT” တေးဂီတ ဗီဒီယို

ဆိုးလ် ၊ နိုဝင်ဘာ ၂ ။             ။ တောင်ကိုရီးယား အမျိုးသမီးအဆိုတော်အဖွဲ့ “Twice”၏ မကြာသေးမီက ထွက်ရှိထားသော “TT” တေးဂီတ ဗီဒီယိုသည် ကြည့်ရှုသူ သန်း ၃၀ စံချိန်တင်ခဲ့ပြီး ထိပ်ဆုံးမှ ရပ်တည်လျက်ရှိကြောင်း  သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

“TT” တေးဂီတ ဗီဒီယိုသည်  “Twice” အဖွဲ့၏ တတိယမြောက် “TWICEcoaster : Lane 1” တေးအယ်လ်ဘမ်၏ ခေါင်းစီးတေး သီချင်းဖြစ်ပြီး နိုဝင်ဘာ ၁ရက် နံနက်ပိုင်းက ကြည့်ရှုသူ သန်း ၃၀ စံချိန် တင်ခဲ့သည်။

“TT” တေးဂီတဗီဒီယိုသည် အဖွဲ့ဝင် ကိုဦးဖြင့် ဖွဲ့စည်းထားသော “Twice” အဖွဲ့အတွက် တေးဂီတ အစီစဉ်တွင် ၎င်းတို့၏ ပထမဆုံး အောင်မြင်မှုကို ဆောင်ကြဉ်းပေးခဲ့သည့် တေးဂီတဗီဒီယို ဖြစ်သည်။ ”TT” တေးဂီတ ဗီဒီယိုသည် SBS MTV၏ “The Show” အစီစဉ်တွင် နိုဝင်ဘာ ၁ရက်က နံပါတ်တစ် နေရာတွင် ရပ်တည်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags