အနိမ့်ဆုံးလုပ်ခ ငွေကျပ် ၅၆ဝဝ တိုးမြှင့်သတ်မှတ်နိုင်ရေး ညှိနှိုင်းနေဆိုသည်မှာ မဟုတ်ဟုဆို

အနိမ့်ဆုံးလုပ်ခ ငွေကျပ် ၅၆ဝဝ တိုးမြှင့်သတ်မှတ်နိုင်ရေး ညှိနှိုင်းနေဆိုသည်မှာ မဟုတ်ဟုဆို
ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုံ ဘိုကက် အထည်ချုပ်စက်ရုံရှိ အလုပ်သမား ၂၀၀၀ခန့်က လုပ်ခလစာဖြတ်တောက်ခြင်းကြောင့် အလုပ်မဆင်းဘဲ ဆန္ဒပြနေကြသည်ကို ဒီဇင်ဘာလ ၁၁ရက် နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်)

ရန်ကုန် အောက်တိုဘာ ၃၁ ။           ။ အနိမ့်ဆုံး လုပ်ခလစာကို ၃၆၀၀ ကျပ်မှ ၅၆၀၀ ကျပ်အထိ တိုးမြင့်သတ်မှတ်နိုင်ရန် ညှိနှိုင်းဆွေးနွေးနေသည်ဟု မြဝတီ သတင်းစာတစ်ခုတွင်   ဖော်ပြထားသော်လည်း အလုပ်သမားဝန်ကြီးဌာနအနေဖြင့် မသိရှိရသေးကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က မဇ္ဈိမသို့ပြောသည်။

“ ဘယ်သူတွေက လုပ်နေမှန်းမသိဘူးလေ။ ငါတို့တော့ မဟုတ်သးပါဘူးနော်။ သူတို့ပေးနိုင်ရင်တော့ ကောင်းတာပေါ့ ကွာ သူတို့ အလုပ်ရှင် အချင်းချင်း ပြန်ညှိဦးမှ ရမှာ “ ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီးစက်မှုဇုန် ဦးဆောင်ကော်မတီမှ ပူးတွဲအလှည့်ကျ ဥက္ကဋ္ဌ ဦးအေးသောင်း က အနိမ့်ဆုံးလုပ်ခ လစာကို ၃၆၀၀ ကျပ်မှ ၅၆၀၀ ကျပ်အထိ တိုးမြင့်သတ်မှတ်နိုင်ရန် ညှိနှိုင်းနေကြောင်း   ဖြေကြားချက်ကို မြဝတီ သတင်းစာ နှင့် ဆင်ဟွာ သတင်းဌာနတို့၏ အင်တာနက် စာမျက်နှာ တွင်ဖော်ပြထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် အနိမ့်ဆုံး လုပ်ခငွေကျပ် ၅၆ဝဝ တိုးမြှင့် သတ်မှတ်နိုင်စေရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် ဆန္ဒရှိပြီး လုပ်ငန်းရှင်များဘက်မှ အဆင့်သင့်ဖြစ်၊ မဖြစ်ကို တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ သတင်းတွင် ဦးအေားသောင်းက ပြောကြားထားသည်။

၂ဝ၁၇ ခုနှစ်အတွင်း အနိမ့်ဆုံးလုပ်ခ တိုးမြှင့်နိုင်စေရေးအတွက် ဆွေးနွေးမှုများကို အကြိမ်ကြိမ်ထပ်မံလုပ်ဆောင်  သွား မည်ဖြစ်ပြီး လုပ်ခလစာ တိုးမြှင့်မည်ဆိုပါက  နောက်ဆက်တွဲ အနေဖြင့် ကုန်ဈေးနှုန်းကြီးမြင့်လာသည့် အခြေအနေများ ကို ထိန်းညှိပေးရန် တင်ပြထားသည်ဟု နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြချက်အရ သိရသည်။

အနိမ့်ဆုံး လုပ်ခငွေကျပ် ၅၆ဝဝ တိုးမြှင့် သတ်မှတ်နိုင်ရေး အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် အလုပ်သမား ဥပဒေ ရေးရာဌာနနှင့်အတူ လုပ်ငန်းရှင်၊ အလုပ်သမားအဖွဲ့အစည်းများပါဝင်ကာ မကြာသေးမီ ကာလအတွင်းက နေပြည် တော်တွင် နှစ်ကြိမ်တွေ့ဆုံ ဆွေးနွေးထားကြောင်း အဆိုပါ သတင်းစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly