ဧရာဝတီတိုင်း မြို့နယ်စည်ပင်ကော်မတီများကို နိုဝင်ဘာလကုန် နောက်ဆုံးထား ရွေးချယ်မည်

ဧရာဝတီတိုင်း မြို့နယ်စည်ပင်ကော်မတီများကို နိုဝင်ဘာလကုန် နောက်ဆုံးထား ရွေးချယ်မည်

ပုသိမ်၊ အောက်တိုဘာ ၃၁ ။                ။ ဧရာဝတီတိုင်းဒေသကြီး ၂၆ မြို့နယ်နှင့် ၇ မြို့တွင် မြို့နယ်စည်ပင်သာယာရေး ကော်မတီများအား နိုဝင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထားရွေးချယ်မည်ဟု စည်ပင်သာယာရေး ဝန်ကြီးဦးကျော်မြင့်က မဇ္ဈိမသို့ ပြောသည်။

" တစ်မြို့နယ် ဘယ်နှစ်ယောက် ရွေးမလည်းဆိုတာ သတ်မှတ်ပြီးတော့ တိုင်းဒေသကြီးလွှတ်တော်က ဥပဒေပြဌာန်းပြီး ရွေးချယ်ဖို့ လုပ်ထုံးလုပ်နည်းရေးဆွဲ အစိုးရအဖွဲ့ကိုတင်ပြပြီး အောက်တိုဘာလ၂၈ ရက်နေ့မှာ တိုင်းအစိုးရက အတည်ပြု ပေးခဲ့တယ်၊ စာအုပ်အဖြစ်ရိုက်နှိပ်ပြီး သက်ဆိုင်သူတွေ စည်ပင်ကော်မတီအသစ်များ ရွေးချယ်ရာမှာ ပါဝင်သူတွေကို စာ အုပ်ထုတ်ပေးမယ်၊   ကော်မတီဝင်တွေ   ရွေးချယ်မှုကို နိုဝင်ဘာလ နောက်ဆုံးထားရွေးချယ်မယ်” ဟု ဦးကျော်မြင့်က ပြော သည်။

ယင်းသို့ ရွေးခြယ်ရာတွင်  မြို့နယ်တစ်မြို့နယ်လျှင် အရပ်သားကော်မတီဝင်သုံးဦး၊ အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် စည် ပင်အလုပ်အမှုဆောင်အရာရှိ တစ်ဦးရွေးချယ်ပြီး၊ စည်ပင်သာယာရေးကော်မတီ ဖွဲ့စည်းထားသည့် မြို့များတွင် အရပ် သားတစ်ဦး၊ မြို့နယ်အုပ်ချုပ်ရေး ဌာနခွဲ စာရေးကြီးတစ်ဦး၊ မြို့နယ်စည်ပင် အလုပ်အမှုဆောင်တစ်ဦး စုစုပေါင်း ၃ ဦးဖြင့် ဖွဲ့စည်းမည် ဖြစ်သည်။

စည်ပင်သာယာ ကော်မတီဝင်များအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စား၊ တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေး အုပ်ချုပ်ရေးမှုးများမှ  ရပ်ကွက်တစ်ခုလျှင် တဦးကျစီ ငါးဦးရွေးချယ်ပြီး မြို့နယ်အဆင့်တွင် ဆက်လက်ရွေးချယ်မည်ဖြစ်သည်။

မြို့နယ်စည်ပင်သာယာ ကော်မတီသည် သက်တမ်းအားဖြင့် ၅နှစ် သက်တမ်းထားရှိပြီး ကော်မတီဝင်များအား လစာ စရိတ်ချီးမြှင့်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်တွင် ဥပဒေပြဌာန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly