ကာလရှည်တွဲလာတဲ့ ချစ်သူ ဆိုင်မွန်ကိုနစ်ကီနဲ့ ဒီနှစ်ကုန်မှာ စေ့စပ်တော့မယ့် အဒဲလ်

ကာလရှည်တွဲလာတဲ့ ချစ်သူ ဆိုင်မွန်ကိုနစ်ကီနဲ့ ဒီနှစ်ကုန်မှာ စေ့စပ်တော့မယ့် အဒဲလ်

နယူးယော့ခ် ၊ အောက်တိုဘာ ၃၁ ။        ။ ကမ္ဘာကျော်အဆိုတော် အဒဲလ်သည် ငါးနှစ်ကျော်ကြာ တွဲလာသော အသက် ၄၂ နှစ်အရွယ်ရှိ ဆိုင်မွန်ကိုနစ်ကီ နှင့် ယခုနှစ်ကုန်တွင်   စေ့စပ်တော့မည်   ဖြစ်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အသက် ၂၈ နှစ်အရွယ်ရှိ အဒဲလ်သည် ၂၀၁၁ ခုနှစ်မှစ၍  ဆိုင်မွန်ကိုနစ်ကီ နှင့် တွဲလာခဲ့ကြောင်း နှင့် ဆိုင်မွန် ကိုနစ်ကီသည် အဒဲလ်၏သားဖြစ်သူ အသက်လေးနှစ်အရွယ် အန်ဂျလို၏ ဖခင်လည်းဖြစ်သည်။ အဒဲလ်က ဆိုင်မွန် နှင့် လက်ထပ်ရန် သဘောတူညီထားကြောင်းလည်း ပြောကြားခဲ့သည်။

“ အဒဲလ်နဲ့ ဆိုင်မွန်တို့ နှစ်ဦးဟာ စေ့စပ်ဖို့အတွက် အသင့်ဖြစ်နေပါပြီ။ သူတို့နှစ်ဦးလုံးဟာ စေ့စပ်ဖို့နဲ့ ပတ်သက်လို့ အရမ်းကို စိတ်လှုပ်ရှားနေပါတယ်”ဟု  မိတ်ဆွေတစ်ဦးက ပြောကြားခဲ့ကြောင်း  Mirror တွင် ဖော်ပြထားသည်။

အဒဲလ်သည် ၎င်း၏ “25” တေးအယ်လ်ဘမ်အတွက် ဆယ်လကြာ ကမ္ဘာလှည့်ဖျော်ဖြေပွဲ ပြုလုပ်လျက်ရှိကြောင်း နှင့် “25” တေးအယ်လ်ဘမ်သည် အချပ်ရေ သန်း ၂၀ကျော် ရောင်းချခဲ့ရသည်။

အဒဲလ်သည် မကြာသေးမီက ဆိုင်မွန်နှင့် ချစ်သက်တမ်း ငါးနှစ်ပြည့် နှစ်ပတ်လည်နေ့ကို ကျင်းပခဲ့သည်။ ဆိုင်မွန်သည် အဒဲလ်၏ ဖျော်ဖြေပွဲတွင် “ မင်းဟာငါရဲ့နတ်သမီး” ၊  “ပျော်ရွှင်သောနှစ်ပတ်လည်နေ့” အပါအဝင် ပန်းရောင်စာရွက်လေးများဖြင့် ရေးသားထားသော အချစ်စာတိုလေးများကို ဖြန့်ကျဲကာ ငါးနှစ်ပြည့် နှစ်ပတ်လည်နေ့ကို ဆင်နွှဲခဲ့သည်။

အဒဲလ် နှင့် ဆိုင်မွန်တို့သည် လန်ဒန် ၊ လော့စ်အိန်ဂျလိစ်  နှင့် Brighton တို့တွင် နေအိမ်များကို ပိုင်ဆိုင်ထားကြပြီး ဆိုင်မွန်သည် သန့်ရှင်းသော ရေဆိုင်ရာ ပရဟိတစီမံကိန်း “Drop4Drop” အတွက် မကြာခဏဆိုသလို ခရီးသွားနေရသည်။ဆိုင်မွန်သည် ကြွယ်ဝချမ်းသာသူ တစ်ဦးဖြစ်ပြီး ပရဟိတလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူ တစ်ဦးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly