တစ်ကိုယ်တော် တေးသီချင်းသစ် ထွက်ရှိတော့မယ့် Girls’ Generation အဖွဲ့ဝင် တေးယွန်

တစ်ကိုယ်တော် တေးသီချင်းသစ် ထွက်ရှိတော့မယ့် Girls’ Generation အဖွဲ့ဝင် တေးယွန်

ဆိုးလ် ၊ အောက်တိုဘာ ၂၉ ။                  ။ တောင်ကိုရီးယား အမျိုးသမီးအဆိုတော်အဖွဲ့  Girls’ Generation အဖွဲ့ဝင် တေးယွန်သည် ပရိသတ်များကို လက်ဆောင်ပေးသည့် အနေဖြင့်  တစ်ကိုယ်တော်   တေးသီချင်းသစ် ဖြန့်ချိသွားမည်ဖြစ်ကြောင်း S.M အင်တာတိန်းမန့်က အောက်တိုဘာ ၂၈ ရက်တွင် ပြောကြားသည်။

“11:11” ဟု အမည်ပေးထားသော မကြာမီထွက်ရှိမည့် တေးသီချင်းသစ်သည်အချစ်တေးသီချင်း ပုံစံရေးဖွဲ့ထားသည်။

အဆိုပါ တေးသီချင်းကို နိုဝင်ဘာ ၁ရက် ကိုရီးယားစံတော်ချိန်  ည၁၁ နာရီအချိန်တွင် တေးဂီတ တေးသီချင်းဇယား ရှစ်ခုလုံး၌ ထုတ်လွှင့်မှုမတိုင်မီ ယင်းနေ့ ကိုရီးယားစံတော်ချိန် ည ၁၀နာရီအချိန်တွင်  Never V အက်ပလီကေးရှင်းတွင် ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်။

တေးယွန်သည် တစ်ကိုယ်တော် မီနီတေးအယ်လ်ဘမ် နှစ်ခု ထွက်ရှိခဲ့ပြီးဖြစ်သည့်အပြင်  SM STATION နှင့် OSTs တေးဂီတဝက်ဆိုဘ်ဒ်တို့မှ တစ်ကိုယ်တော် တေးသီချင်းများကိုလည်း ဖြန့်ချိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags