မကြီးစန်းနှင့် သူ၏ချစ်သူများက တကယ့်အချစ်ဇာတ်လမ်း မဟုတ်ဘူးလို့ မိတ်ကပ်ခင်စန်းဝင်း ပြော

မကြီးစန်းနှင့် သူ၏ချစ်သူများက တကယ့်အချစ်ဇာတ်လမ်း မဟုတ်ဘူးလို့ မိတ်ကပ်ခင်စန်းဝင်း ပြော

မကြီးစန်းနှင့် သူ၏ချစ်သူများ ဇာတ်ကားက လက်ရှိမှာ ပရိသတ်အားပေးမှု ရရှိနေပြီး မိတ်ကပ် ဖန်တီးရှင်တစ်ဦး အနေနဲ့ တက်သစ်စ အနုပညာရှင် ကောင်လေးတစ်ယောက်ကို ပံ့ပိုးပေးရတယ် ဆိုတဲ့ ဇာတ်လမ်းက မိတ်ကပ်ခင်စန်းဝင်းရဲ့ တကယ့်ဖြစ်ရပ်မှန် အချစ်ဇာတ်လမ်း မဟုတ်ဘူးလို့ ခင်စန်းဝင်းက ပြောပါတယ်။

မိတ်ကပ်ဖန်တီးရှင် ခင်စန်းဝင်းက “မကြီးစန်းရဲ့ ဇာတ်လမ်းဆိုတာ မဟုတ်ပါဘူး။ မကြီးစန်းမှာ ချစ်သူရှိခဲ့တာ ဟုတ်တယ်။ မကြီးစန်း သူ့ကို ပံ့ပိုးပေးခဲ့တယ် ဆိုတာလည်း ဟုတ်ပါတယ်။ ဒါပေမယ့် ဒါပေမယ့် ဒီဇာတ်လမ်းက မကြီးစန်းကို ကျောရိုးယူထားတာ ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် ဆရာတွေ ခိုင်းတဲ့အတိုင်းပဲ လုပ်ခဲ့တာပါ” လို့ ပြောပါတယ်။

ဒါရိုက်တာ ဦးမြတ်ခိုင်ကိုယ်တိုင် ဇာတ်လမ်းရေးသားပြီး မိတ်ကပ်ဖန်တီးရှင် ခင်စန်းဝင်း (မကြီးစန်း)ကို အဓိကဇာတ်ဆောင်နေရာမှာ ပုံဖော်ရိုက်ကူးထားသည်။ မင်းသားအနေနဲ့ ထက်အောက်ရှိုင်း အပါအဝင် တခြားသော နာမည်ကြီး အနုပညာရှင်ပေါင်း များစွာမှလည်း ပါဝင်ကူညီ သရုပ်ဆောင် ပေးထားကြတာ ဖြစ်ပါတယ်။

ယခု မကြီးစန်းနှင့် သူ၏ချစ်သူများ ဇာတ်ကားက ခင်စန်းဝင်းရဲ့ ပထမဆုံး ဇာတ်ကား တစ်ကားဖြစ်ပြီး  နောက်ထပ် ဇာတ်လမ်းသစ်များမှာလည်း သရုပ်ဆောင်အဖြစ် ရိုက်ကူးသွားရန် ရှိသေးကြောင်းလည်း သိရပါတယ်။

“မကြီးစန်းရဲ့ အခုဇာတ်ကားကိုလည်း မကြီးစန်နှင့် သူချစ်သူများ ဆိုပြီး နာမည်ပေးထားတယ်လေ။ အဲတာ ဆရာတွေ ပြောတာကတော့ အချစ်ဆိုတာ သေဆုံးသွားမှာ မဟုတ်ဘူး။ တကယ်လို့ ကိုယ့်ကို တကယ်ချစ်နိုင်မယ့် နောက်ထပ် အချစ်တွေရှိလာရင် ထပ်ရိုက်ဖို့ ထင်ပါတယ်။ ဒါ့ကြောင့် ဆက်ရန် ရှိပါသေးတယ်” လု့ိ ပြောပါတယ်။

မိတ်ကပ်ဖန်တီးရှင် ခင်စန်းဝင်းအနေနဲ့ ကိုယ်တိုင်ဇာတ်ကား တစ်ကားကိုသာ ဖန်တီးခွင့် ရမယ်ဆိုရင်ဆရာမ နုနုရည်(အင်းဝ)ရဲ့ ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍လည်း ကန်တော့ခံ တော်မူပါ ဆိုတဲ့စာအုပ်မှာတော့ ဇာတ်ဆောင်အဖြစ် သရုပ်ချင်ကြောင်း ပြောပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly