အမျိုးသမီးများ ကျန်းမာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စုစည်းထားသော အသံများ တွေ့ဆုံပွဲ ကျင်းပ

အမျိုးသမီးများ ကျန်းမာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စုစည်းထားသော အသံများ တွေ့ဆုံပွဲ ကျင်းပ

ရန်ကုန်၊အောက်တိုဘာ ၂၉ ။               ။ အမျိုးသမီးများ ကျန်းမာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စုစည်းထားသောအသံများ ခေါင်းစဉ်ဖြင့် တွေ့ဆုံပွဲတစ်ရပ်ကို Triangle Women's Support Group၊ Rainbow၊ Color Rainbow၊ ဖန်တီးအိမ် တို့မှ ပူးပေါင်း၍ အောက်တိုဘာ ၂၈ ရက် နေ့တွင် တာမွေမြို့နယ်ရှိ Sky Star Hotel ၌ ကျင်းပခဲ့သည်။   

အဆိုပါ တွေ့ဆုံပွဲ ကျင်းပဖြစ်ပုံနှင့် ပက်သက်၍ Triangle Women's Support Group ၏ ဒါရိုက်တာဖြစ်သူ ဒေါ်ခင်လေးက " 3MDG Project နဲ့ ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုတွေကို ဒဂုံသုံးမြို့နယ်ဖြစ်တဲ့ ဒဂုံဆိပ်ကမ်း၊ တောင်ဒဂုံ၊ အရှေ့ဒဂုံမှာ ပြုလုပ်ခဲ့တယ်၊ ရပ်ရွာကနေ ထွက်ရှိလာတဲ့ အမျိုးသမီးခေါင်းဆောင်တွေကို မွေးထုတ်ပြီး ဒီအမျိုးသမီးတွေနဲ့ ရပ်ရွာကို ပညာပေးတာတွေ လုပ်ပါတယ်၊ အဲဒီလိုလုပ်တဲ့အခါ ရရှိလာတဲ့ အကျိုးကျေးဇူးတွေ အတွေ့အကြုံတွေ မျှဝေချင်တာရယ်၊ လက်ရှိမှာ တွေ့ကြုံနေရတဲ့ ပြဿနာတွေကို သူတို့က ဖော်ထုတ်ဆွေးနွေးမှာ ဖြစ်ပါတယ်" ဟု ဆိုသည်။

ဆွေးနွေးရာတွင် ပြဿနာများကို တင်ပြရုံ မဟုတ်ဘဲ ဖြေရှင်းပေးနိုင်သောသူများဖြစ်သည့် လွှတ်တော် ကိုယ်စားလှယ် များ၊ တိုင်းကျန်းမာရေး ဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ ၊ ရဲတပ်ဖွဲ့ဝင်များ စသည့် တာ ဝန်ရှိ သူများအနေဖြင့် အရေးတယူဆောင်ရွက်ပေးနိုင်ရန်  ဖိတ်ခေါ်ခဲ့ကြောင်းကိုလည်း ဒေါ်ခင်လေးက ဆိုသည်။                                                                                                    

ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှစိုးက မိမိဒေသရှိ အမတ်၊ ကိုယ်စားလှယ်များကို သိရှိအောင်လုပ် ရန် လိုအပ်ပြီး မိမိဒေသနှင့်ဆိုင်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်နှင့် တိုင်းဒေ သကြီး ကိုယ်စားလှယ်များကို သိရှိစေလိုကြောင်း တိုက်တွန်းခဲ့သည်။

တွေ့ဆုံပွဲတွင် ရပ်ရွာအမျိုးသမီး ခေါင်းဆောင်များက အကြမ်းဖက်မှုများလာသည့်အတွက် အမျိုးသမီးများ၏ ဘဝလုံခြုံမှုအတွက် ဥပဒေဖြင့် ကာကွယ်ပေးရန်၊ မူးယစ် ဆေးဝါးရောင်းဝယ်မှုများကို ထိထိရောက်ရောက် ကာကွယ်ပေးရန်၊ လိုင်စင်မဲ့ အရက်ပုန်းဆိုင်များ ဥပဒေနှင့်အညီ ဖော်ထုတ်ပေးရန်၊ ယာဉ်တိုက်မှုများ ပပျောက်စေရန် တာဝန်ရှိသူများ ကူညီပေးရန်၊ ရပ်ရွာများထဲတွင် အသိပညာပေးပွဲများ ကျင်းပသည့်အခါ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အနေဖြင့် ကူညီပေးရန် စသည်တို့ကို တောင်းဆိုခဲ့ကြသည်။                                  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly