ရန်ကုန်၊ အောက်တိုဘာ ၂၄ ။ ။ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့သည် အပြန်အလှန် ချိတ်ဆက် အမှီသဟဲ ပြုနေပြီး ငြိမ်းချမ်းရေးမရရှိဘဲ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရန် မဖြစ်နိုင်ကြောင်း ဖွံ့ဖြိုးတိုးတက်မှုမရှိဘဲ ငြိမ်းချမ်းရေး မတည်မြဲနိုင်ပါဟု နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်လိုက်သည်။
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံမှ (၇၁) ကြိမ်မြောက် ကုလသမဂ္ဂ နှစ်ပတ်လည်နေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင်ထိုသို့ ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။
ဆင်းရဲနွမ်းပါးမှုကို အမြစ်ပြတ်သုတ်သင် နိုင်ရေးသည် ယနေ့ကြုံတွေ့နေရသော စိန်ခေါ်မှု အများအပြားအား ဖြေရှင်းနိုင်မည့် နည်းလမ်းများ အနက်တစ်ခုဖြစ်သည်ဟု ၎င်းထုတ်ပြန်စာတွင် ဖော်ပြထားသည်။
ပိုမိုကောင်းမွန်သော အနာဂတ်တစ်ခု ဖန်တီးနိုင်ရေးအတွက် ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို စိတ်အားထက်သန်စွာဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြပါစို့ ဟု၍ သမ္မရုံး အင်တာနက် စာ မျက်နှာတွင် ဖာ်ပြထားသည်။
ကုလသမဂ္ဂ ၏ (၇၁) နှစ်မြောက် နှစ်ပတ်လည်တွင် မြန်မာပြည်သူလူထု ကိုယ်စား နိုင်ငံတော်သမ္မတ ဦးထင်ကျော်မှ ကုလသမဂ္ဂ သို့ သဝဏ်လွှာ ပေးပို့ခဲ့ခြင်းဖြစ်သည်။