ဝိုင်းစုခိုင်သိန်း နှင့် ဥက္ကာမြင့်ကြူတို့ ကွာရှင်းပြတ်စဲ

ဝိုင်းစုခိုင်သိန်း နှင့် ဥက္ကာမြင့်ကြူတို့ ကွာရှင်းပြတ်စဲ

ရန်ကုန်၊ အောက်တိုဘာ ၂၂ ။             ။ သရုပ်ဆောင် အဆိုတော် ဝိုင်းစုခိုင်သိန်း နှင့် ၎င်း၏ ခင်ပွန်း(ဟောင်း) ဥက္ကာမြင့်ကြူတို့  စက်တင်ဘာ ၃၀ ရက်က နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲခဲ့သည့် သတင်းကို အောက်တိုဘာ ၂၂ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဥက္ကာမြင့်ကြူ ဘက်မှ ထည့်သွင်းကြေညာခဲ့သည်။

ကြေညာချက်တွင် “စိတ်သဘောထား မတိုက်ဆိုင်သဖြင့် နှစ်ဦးသဘောတူ အသိသက်သေများရှေ့မှာ ကွာရှင်းပြတ်စဲခဲ့တာ”  ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ဥက္ကာမြင့်ကြူနှင့် ဝိုင်းစုခိုင်သိန်းတို့သည် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက် (ချစ်သူများနေ့)တွင် တရားဝင်ထိမ်းမြား လက်ထပ်ခဲ့ကြခြင်းဖြစ်သည်။

အောက်တိုဘာ ၂၂ ရက်တွင် အဆိုတော်ဝိုင်းစုခိုင်သိန်းသည် သူမ၏ စတုတ္ထမြောက် တစ်ကိုယ်တော်ခွေ "ဂါ" တေးစီးရီးထွက်ရှိမည်ဖြစ်ပြီး ရန်ကုန်မြို့ လှည်းတန်းစင်တာတွင် ညနေ ၃နာရီမှ ၆နာရီအထိ အနုပညာရှင်အချို့နှင့်အတူ အမှတ်တရ လက်မှတ်ရေးထိုးပေးကာ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required