Target အဝတ်ထည်ကုမ္ပဏီနဲ့ ပူးပေါင်းကာ ၂၀၁၇တွင် အမျိုးသမီးဝတ် ဒီဇိုင်းသစ်များ ထုတ်လုပ်သွားမယ့် ဗစ်တိုရီးယား ဘက်ခမ်း

Target အဝတ်ထည်ကုမ္ပဏီနဲ့ ပူးပေါင်းကာ ၂၀၁၇တွင် အမျိုးသမီးဝတ် ဒီဇိုင်းသစ်များ ထုတ်လုပ်သွားမယ့် ဗစ်တိုရီးယား ဘက်ခမ်း

နယူးယော့ခ် ၊ အောက်တိုဘာ ၂၁ ။        ။ ဗြိတိန်အမျိုးသမီးအဆိုတော်အဖွဲ့ Spice Girls အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီး ဖက်ရှင်ဒီဇိုင်နာ ဗစ်တိုးရီယား ဘက်ခမ်းက အဝတ်အထည်ကုမ္ပဏီ  Target နှင့်ပူးပေါင်းကာ ၂၀၁၇ ခုနှစ်တွင် အမျိုးသမီးဝတ် ဒီဇိုင်းသစ်များ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ပြောကြားခဲ့သည်။

“Target နဲ့ပူးပေါင်းပြီး အမျိုးသမီးများအတွက် ခေါင်းမှ ခြေအဆုံး  ပစ္စည်းအမျိုးပေါင်း ၂၀၀ ကျော်အပြင် မိန်းကလေးငယ်များ ၊ လမ်းလျှောက်တတ်ကာစ ကလေးငယ်များနဲ့ မွေးကင်စကလေးငယ်များအတွက် အဝတ်အစားဒီဇိုင်းတွေ ပါဝင်ပါတယ်”ဟု ဗစ်တိုရီးယားက ပြောကြားသည်။

ဗစ်တိုရီးယားဘက်ခမ်း၏ ပုံမှန် အမြင့်ဆုံးဈေးနှုန်းနှင့် မတူညီတာကတော့  Target နှင့် ပူးပေါင်းဆောင်ရွက်သော ပစ္စည်းသစ်များသည် အမေရိကန်ဒေါ်လာ ၆ ဒေါ်လာ မှ ဒေါ်လာ ၇၀အထိ ရှိပြီး အမေရိကန်ဒေါ်လာ ၄၀ ဒေါ်လာအောက် ပစ္စည်းများကို အများအပြားထုတ်လုပ်သွားမည်ဖြစ်သည်။

အဝတ်အစားဒီဇိုင်းဆိုဒ်များသည် အမျိုးသမီးများအတွက်  XS-3X  ၊ မိန်းကလေးငယ်များ ၊ လမ်းလျောက်တတ်ခါစကလေးငယ်များ နှင့် မွေးကင်းစကလေးများအတွက် NB-XL ဆိုဒ်များကို ထုတ်လုပ်သွားမည်ဖြစ်သည်။

Target စတိုးဆိုင်များ အားလုံး နှင့် ၎င်းတို့၏ ဝက်ဆိုဘ်ဒ်များတွင် ၂၀၁၇ ခုနှစ် ဧပြီလတွင် စတင်ဖြန့်ဖြူးပေးသွားမည်ဖြစ်ပြီး ဧပြီ ၃၀ရက်တွင် ပိတ်သိမ်းသွားမည်ဖြစ်သည်။

“Target  ကုမ္ပဏီနဲ့ပူးပေါင်းလုပ်ဆောင်ရတဲ့ အတွက် အရမ်းကို စိတ်လှုပ်ရှားမိတယ်။ Target ကုမ္ပဏီဟာ Victoria Beckham အမှတ်တံဆိပ်ကို ယခင်ကထက် လူတွေအများအပြားကို သိအောင်မျှဝေခွင့်ပေးပါတယ်” ဟု ဗစ်တိုရီးယား ဘက်ခမ်းက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly