လီမင်ဟို နဲ့ ဂျန်ဂျီဟွန်းတို့ ပါ၀င်သရုပ်ဆောင်ထားသော “The Legend Of The Blue Sea” ဒရမ်မာဇာတ်ကား နမူနာ ပထမဆုံး ထုတ်လွှင့်ပြသ

လီမင်ဟို နဲ့ ဂျန်ဂျီဟွန်းတို့ ပါ၀င်သရုပ်ဆောင်ထားသော “The Legend Of The Blue Sea” ဒရမ်မာဇာတ်ကား နမူနာ ပထမဆုံး ထုတ်လွှင့်ပြသ

ဆိုးလ် ၊ အောက်တိုဘာ ၂၀ ။               ။ တောင်ကိုရီးယား မင်းသားချော လီမင်ဟို နှင့် မင်းသမီး ဂျန်ဂျီဟွန်းတို့ ပါဝင်သရုပ်ဆောင်ထားသော “ The Legend Of The Blus Sea”  ဇာတ်ကား နမူနာကို  အောက်တိုဘာ ၁၉ရက်က SBS ရုပ်သံက ပထဆုံးအကြိမ် ထုတ်လွှင့်ပြသခဲ့သည်။

ဇာတ်ကားနမူနာတွင် ကမ်းခြေများ ၊ ပင်လယ်များ နှင့် သစ်တောများ၏ သဘာဝအလှအပများကို တွေ့မြင်ရသည့်အပြင် လီ နှင့် ဂျန်တို့၏ အတိတ် နှင့် ပစ္စုပန် ကံကြမ္မာတို့ အကြောင်းကိုလည်း တွေ့မြင်ရသည်။

ဂျိုဆောင်ခေတ်က ငါးဖမ်းသမားတစ်ဦးသည် ရေသူမတစ်ဦးကို ဖမ်းမိပြီး ပြန်လွှတ်ပေးလိုက်သည်ဟူသော  ဒဏ္ဍာရီလာပုံပြင်အကြောင်းများ လွှမ်းမိုးနေသော “The Legend of The Blue Sea” ဇာတ်ကားသည် ရေသူမလေး၏ အချစ်ပုံပြင်အကြောင်းကို ဇာတ်အိမ်ဖွဲ့ ရိုက်ကူးထားသည်။

ဂျန်ဂျီဟွန်းသည် ရေသူမအဖြစ် သရုပ်ဆောင်ထားပြီး လီမင်ဟိုသည် ပြောင်မြောက်သော လူလိမ်တစ်ဦးအဖြစ် သရုပ်ဆောင်ထားသည်။ “The Legend of the Blue Sea” ဇာတ်ကား ပထမပိုင်းကို Viki မှ နိုဝင်ဘာ ၁၆ရက်တွင် ထုတ်လွှင့် ပြသသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags