အိမ်ဖြူတော်တွင်ပြုလုပ်သော နိုင်ငံတော်အဆင့် ညစာစားပွဲတွင် ဂွမ်စတာဖာနီနဲ့ ဘလိတ်ခ်ရှဲလ်တန်တို့ ဖျော်ဖြေခဲ့

အိမ်ဖြူတော်တွင်ပြုလုပ်သော နိုင်ငံတော်အဆင့် ညစာစားပွဲတွင် ဂွမ်စတာဖာနီနဲ့ ဘလိတ်ခ်ရှဲလ်တန်တို့ ဖျော်ဖြေခဲ့

နယူးယော့ခ် ၊ အောက်တိုဘာ ၂၀ ။        ။ အမေရိကန်အဆိုတော် ဂွမ်စတာဖာနီ နှင့် ဘလိတ်ခ်ရှဲလ်တန်တို့သည် အိမ်ဖြူတော်တွင် အောက်တိုဘာ ၁၈ရက်က ကျင်းပပြုလုပ်သည့် ရာထူးမှ စွန့်ခွာတော့မည့် အမေရိကန်သမ္မတ ဘားရက်အိုးဘားမား၏ နိုင်ငံတော်အဆင့် နောက်ဆုံးညစာစားပွဲတွင် နှစ်ယောက်တွဲဖျော်ဖြေခဲ့ကြသည်။

သမ္မတအိုဘားမားသည် အီတလီဝန်ကြီးချုပ် မက်တိုရန်ဇီ နှင့် ဇနီးဖြစ်သူ အာညင်းဇေလန်ဒီ အလည်ပတ်လာရောက်မှုကို ဂုဏ်ပြုသည့်အနေဖြင့် အိမ်ဖြူတော်တွင် ညစာစားပွဲကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။ စတာဖာနီ နှင့် ၎င်း၏ ချစ်သူဖြစ်သူ ဘလိတ်ခ်ရှ်လ်တန်တို့သည် “Go Ahead and Break My Heart” တေးသီချင်းကို နှစ်ယောက်တွဲ သီဆိုခဲ့သည်။

ညစာစားပွဲသို့ ဒုတိယသမ္မတတ ဂျိုးဘိုင်ဒင် ၊ အဆိုတော် ဖရန့်အိုရှင်း နှင့်  Today  မီဒီယာမှ စာနယ်ဇင်းသမား ဆာဗန်နက်ရှ်ဂက်သရီးတို့ အပါအဝင် အခြားသော နာမည်ကြီးပုဂ္ဂိုလ်များလည်း တက်ရောက်ခဲ့ကြသည်။

ယင်းနေ့ အစောပိုင်းက  စတာဖာနီ နှင့် ၎င်း၏သားများဖြစ်သော ကင်စတန်း ၊ ဇူးမား နှင့် အော်ပိုလိုတို့သည် သမ္မတအိုးဘားမား နှင့် အီတလီဝန်ကြီးချုပ်တို့နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။ ယင်းနောက်တွင် အီတလီဝန်ကြီးချုပ် ရန်ဇီသည် ဘဲဥပုံရုံးတွင် ရိုက်ထားသော အဖွဲ့လိုက်ပုံကို ဖေ့စ်ဘွတ်ခ်ပေါ် တင်ခဲ့သည်။

၂၀၁၅ ခုနှစ် အစောပိုင်းက စတာဖာနီသည် ခင်ပွန်းဖြစ်သူ ဂါဗင်ရော့စ်ဒါလီ နှင့် လမ်းခွဲခဲ့ပြီး  ရှဲလ်တန်တို့သည်လည်း ဇနီးဖြစ်သူ မီရန်ဒါလမ်ဘက် နှင့် လမ်းခွဲခဲ့ပြီးနောက် နိုဝင်ဘာလက စတာဖာနီ နှင့် ရှ်လ်တိန်တို့သည် ၎င်းတို့နှစ်ဦး၏ ဆက်ဆံရေးကို အတည်ပြုပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly