မျက်နှာသစ်အဆိုတော် လင်းထက်အောင်ရဲ့ ကမ္ဘာ့ရန်သူ CD ထွက်ရှိ

မျက်နှာသစ်အဆိုတော် လင်းထက်အောင်ရဲ့ ကမ္ဘာ့ရန်သူ CD ထွက်ရှိ

မျက်နှာသစ်အဆိုတော် လင်းထက်အောင်ရဲ့ Rock အမျိုးအစားသီချင်းတွေ စုစည်းထားတဲ့ ကမ္ဘာ့ရန်သူ CD စီးရီးကို ဒီပတ်မှာ Bo Bo (Entertainment) ကနေ ထုတ်လုပ်ဖြန့်ချိ လိုက်ပါတယ်။

Rock သီချင်း ၁၃ ပုဒ် စုစည်းထားပြီး ကမ္ဘာ့ရန်သူ Audio CD နှင့် ပတ်သက်ပြီး “အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ဖန်တီးထားပါတယ်။ နားဆင်သူအားလုံးကို တစ်ခုခု ပေးစွမ်းနိုင်မယလို့ ယုံကြည်ပါတယ်။ ဒါပေမယ့် လိုအပ်ချက်တွေ ရှိနေသေးတဲ့အတွက် ရှေ့ဆက်ဒီ့ထက်ပိုကောင်းအောင် ကြိုးစားရဦးမှာပါ” လို့ လင်းထက်အာင် (Dancing Knife) က ပြောပါတယ်။

Guitar နဲ့ Bass တီးခတ်သူကတော့ ဘိုဘို(Outsider)၊ Piano နဲ့ Keyboard တီးခတ်သူ ဇာနည် (Outsider)၊ Dram တီးခတ်သူကတော့ ဘောက်ဘောက် (Dancing Knife)နဲ့ Additional Player ကတော့ ဝေဖြိုး (Dream Lover) တို့ ဖြစ်ပါတယ်။ ထုတ်လုပ်သူကတော့ ကိုကြီး (ဆေး - ၂)က ထုတ်လုပ်ထားတာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly