အမြတ်အစွန်းများသော ထိပ်တန်း ကမ္ဘာလှည့်ဖျော်ဖြေပွဲ ၁၀ နေရာတွင် Girls’ Generation အဖွဲ့၏ ဖျော်ဖြေပွဲ ငါးခု ပါ၀င်

အမြတ်အစွန်းများသော ထိပ်တန်း ကမ္ဘာလှည့်ဖျော်ဖြေပွဲ ၁၀ နေရာတွင် Girls’ Generation အဖွဲ့၏ ဖျော်ဖြေပွဲ ငါးခု ပါ၀င်

ဆိုးလ် ၊ အောက်တိုဘာ ၁၉ ။           ။ အမျိုးသမီး အဆိုတော်များအဖွဲ့၏ အမြတ်အစွန်းများသော ထိပ်တန်း ကမ္ဘာလှည့်ဖျော်ဖြေပွဲ ၁၀ နေရာတွင် ကိုရီးယားအမျိုးသမီး အဆိုတော်အဖွဲ့  Girls’ Generation အဖွဲ့က ငါး နေရာ ရယူထားကြောင်း အမေရိကန်က ဖျော်ဖြေရေးသတင်းမီဒီယာ  Celebmix က ကောက်ယူထားသော အချက်အလက်များက ဖော်ပြနေသည်။

“The 10  Highest Grossing Girl Group Concert Tours Of All Time” ခေါင်းစဉ်ဖြင့် ရေးသားထားသော ဆောင်းပါးတွင်  Girls’ Generation အဖွဲ့၏ “Love & Peace Japan 3rd Tour” ကမ္ဘာလှည့် ဖျော်ဖြေရေးက အမေရိကန်ဒေါ်လာ ၃၁ဒသမ၆သန်း အမြတ်အစွန်း ရရှိခဲ့ပြီး ထိပ်တန်း ဆယ်နေရာစာရင်းတွင် နံပါတ် လေးနေရာမှ ရပ်တည်နေသည်။

Gilrs’ Genertaion အဖွဲ့၏ “SNSD Phantasia Tour” ၊ “Girls & Peace – 2nd Japan Tour” ၊ “The First Japan Arena Tour” နှင့် “Girls and Peace World Tour” ကမ္ဘာလှည့်ဖျော်ဖြေပွဲများသည် နံပါတ် ခြောက် ၊ နံပါတ် ခုနစ် ၊ နံပါတ် ရှစ် နှင့် နံပါတ် ကိုးနေရာမှ အသီးသီးရပ်တည်လျက်ရှိသည်။

အမေရိကန် အမျိုးသမီးအဆိုအဖွဲ့ TLC ၏ “FanMail Tour” ဖျော်ဖြေပွဲသည် နံပါတ်တစ် နေရာတွင် ရပ်တည်နေပြီး အမေရိကန်ဒေါ်လာ ၈၂ဒသမ၉သန်း ရရှိခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly