One Direction အဖွဲ့ ပြန်လည်ပေါင်းစည်းဖို့ တစ်ရာရာခိုင်နှုန်းရှိကြောင်း အဖွဲ့ဝင်ဟောင်းနီအော်လ်ဟိုရန် ပြောကြား

One Direction အဖွဲ့ ပြန်လည်ပေါင်းစည်းဖို့ တစ်ရာရာခိုင်နှုန်းရှိကြောင်း အဖွဲ့ဝင်ဟောင်းနီအော်လ်ဟိုရန် ပြောကြား

နယူးယော့ခ် ၊ အောက်တိုဘာ ၁၉ ။            ။ One Directon အဖွဲ့ဝင်ဟောင်း နီအော်ဟိုရန်က အနာဂတ်တွင်  One Direction အဖွဲ့ ပြန်လည်ပေါင်းစည်းဖို့ တစ်ရာ ရာခိုင်နှုန်းသေချာကြောင်း  အမေရိကန်ရေဒီယိုအစီစဉ်တွင် ပြောကြားခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အော်လ်ဟိုရန်က  One Direction အဖွဲ့သည် ၎င်းတို့ ၏ ဝေးကွာမှုကို နောက်ဆုံးတွင် အဆုံးသတ်ကာ ပြန်လည်ပေါင်းစည်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း  One Direction အဖွဲ့ဘယ်အချိန်တွင် ပေါင်းစည်းသွားမည်ဆိုသည့် သတင်းနှင့်ပတ်သက်၍ ပရိတ်သတ်များကို ပြောကြားခဲ့ခြင်းမရှိပေ။

 “One Direction အဖွဲ့ဟာ  လာမည့်နှစ်လား ဒါမှမဟုတ် ဘယ်အချိန်မှာ ပြန်လည်ပေါင်းစည်းသွားမယ်ဆိုတာကိုတော့ ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ အဖွဲ့ ပြန်လည်ပေါင်းစည်းသွားမယ်ဆိုတာကတော့ တစ်ရာရာခိုင်နှုန်း သေချာပါတယ်” ဟု နီအော်ရန်ဟိုက ပြောကြားသည်။

အသက် ၂၃ နှစ်အရွယ်ရှိ နီအော်ဟိုရန်သည် မကြာသေမီးက တစ်ကိုယ်တော် အဆိုတော်အဖြစ် လုပ်ကိုင်သွားမည်ဟု ကြေညာခဲ့ပြီး “This Town” တစ်ကိုယ်တော် တေးသီချင်းသစ်ကို ဖြန့်ချိခဲ့သည်။

“This Town” တေးသီချင်းကို စက်တင်ဘာလကုန်က ဖြန့်ချိခဲ့ပြီးသည့်အချိန်မှစ၍ ဗြိတိန်တစ်ကိုယ်တော် တေးသီချင်းဇယားတွင် နံပါတ် ၉ နေရာမှ ရပ်တည်ခဲ့သည်။

၂၀၁၅ ခုနှစ်ကုန်က  One Direction အဖွဲ့ ဂီတလောကနှင့် အဆက်ပြတ်ခဲ့ပြီးနောက် ဟယ်ရီစတိုင်လ် နှင့် Liam Payne တို့သည် တစ်ကိုယ်တော် အဆိုတော်အဖြစ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly