နှစ်ကိုယ်ခွဲအမြွှာ ဇာတ်ရုပ် သရုပ်ဆောင်ချင်တယ်လို့ ပြောလာတဲ့ ဂျိုကာ

နှစ်ကိုယ်ခွဲအမြွှာ ဇာတ်ရုပ် သရုပ်ဆောင်ချင်တယ်လို့ ပြောလာတဲ့ ဂျိုကာ

ရန်ကုန်၊ အောက်တိုဘာ ၁၉ ။            ။ အွန်လိုင်းပေါ်က ဟာသဗီဒီယို အတိုလေးတွေနဲ့ ပရိသတ် အခိုင်အမာ ရရှိထားပြီး လက်ရှိမှာ ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးနေရတဲ့ ဂျိုကာ က ရုပ်ရှင်ဇာတ်ကား တစ်ကားကို ကိုယ်တိုင် ရိုက်ကူးခွင့်ရမယ်ဆိုရင် နှစ်ကိုယ်ခွဲအမြွှာ ဇာတ်ရုပ်မှာ သရုပ်ဆောင်ချင်ပါတယ်လု့ိ ဆိုပါတယ်။

ဂျိုကာက “ ကျွန်တော်သာ ကိုယ်တိုင် ဇာတ်ကားတွေ ရိုက်ခွင့်ရမယ်ဆို အမြွှာဇာတ်ရုပ်မှာ သရုပ်ဆောင်ချင်တယ်။ နှစ်ကိုယ်ခွဲပြီးတော့ပေါ့။ တစ်ကိုယ်က မဲှ့ပါမယ်။ နောက်တစ်ကိုယ်က မှဲ့မပါဘူး။ တစ်ယောက်က ပိန် မယ်ဆို နောက်တစ်ယောက်က ဝမယ် အာ့လိုလေး ရိုက်ချင်တယ်။ ကျွန်တော်စဉ်းစားထားတာပေါ့ ” လို့ ပြော ပါတယ်။

တေးသံရှင် ရဲလေးရဲ့ညီ ဖြစ်သလို ကိုယ်တိုင်ကလည်း အနုပညာနဲ့ ပတ်သက်ရင် ဗီဇတစ်ခုလို ရူးသွပ်တာကြောင့် အကိုဖြစ်သူ ရဲလေးရဲ့ တေးသီချင်းအတွက် ကူညီနေရင်း သရုပ်ဆောင်ဘက်ကိုပါ ပါဝင်လုပ်ဆောင်လာတာ ဖြစ်တယ်လို့ သိရပါတယ်။

“ ကျွန်တော် အနုပညာနဲ့ ပတ်သက်ရင် ဗီဇလို့ ပြောရမလား၊ အထုံပေါ့ ပရိသတ်ကိုဆို မတူတာ တစ်ခုခု လုပ်ပြချင်တာ၊ အရင်ကတော့ ကိုရဲလေး သီချင်းခွေကိုပဲ ကူညီတယ်။ ကိုယ့်ဖေ့ဘွတ်ပေါ်မှာ ဟာသလေးတွေ တင်တယ်။ အခုလို အခွင့်အရေး ကြုံကြိုက်တော့ သရုပ်ဆောင်ဘက် လုပ်ဖြစ်တာပါ ” လို့ ဆိုပါတယ်။

“ကျွန်တော်ကိုယ်တိုင်က လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်နေရတာ ကြိုက်တယ်။ အဲလိုပဲ ပရိသတ်တွေက ကျွန်တော်ရဲ့ နေထိုင်မှုပုံစံတွေကို သဘောကျတော့ ကျွန်တော် လုပ်ထားတာလေးတွေ၊ ကျွန်တော်ပါတဲ့ ဇာတ် ကားလေးတွေကို အားပေးလာကြတာပါ။ အဲလို ပရိသတ်အားပေးမှုတွေက မတူတာလေးတွေကိုဆက်လုပ်ဖို့ ကျွန်တော့်အတွက် အားတွေပါပဲ” လို့ ဂျိုကာက ပြောပါတယ်။

အနုပညာနဲ့ ပတ်သက်လာရင် သီချင်းဘက်မှာရော သရုပ်ဆောင်ကိုရော တွဲပြီးလုပ်သွားမှာဖြစ်တဲ့ အပြင် အစ် ကို ဖြစ်သူ ရဲလေးကြောင့် အခုလို ပရိသတ်နဲ့ ထိတွေ့ခွင့်ရတယ်လို့လည်း ဂျိုကာက ပြောပါတယ်။

“ကျွန်တော်က ရဲလေးကြောင့် ဖြစ်လာတာပါ။ ရဲလေးကြောင့်ပဲ ဂျိုကာဆိုတာကို သိလာတာ၊ ဒါ့ကြောင့် ကျွန် တော့်မှာ remark လေး တစ်ခုရှိတယ်။ YL JK ရဲလေး+ ဂျိုကာပေါ့၊ ကျွန်တော်တို့ နှစ်ယောက်ကို အမြဲ တွဲမြင် နေရမယ်၊ ကိုရဲလေး သီချင်းဆိုရင် ကျွန်တော်ပါမယ်။ ကျွန်တော် သရုပ်ဆောင်ရင်လည်း ကိုရဲလေး ပါမယ် အာ့ လိုပါ” သူက ဆိုပါတယ်။

ရုပ်သံဇာတ်လမ်းတွဲ တစ်ခုအဖြစ် ပြသနေတဲ့ ရွှေမိုးငွေမိုးသွန်းဖြိုးလို့ရွာ မှာ ပါဝင်သရုပ်ဆောင်ထားကာ ပရိ သတ် အားပေးမှုကို ရရှိထားပြီး လက်ရှိမှာလည်း အစ်ကိုဖြစ်သူ ရဲလေးနဲ့ သီချင်းခွေတွေ၊ ဇာတ်လမ်းတွဲတွေ ထပ်မံရိုက်ကူး နေတယ်လို့လည်း သိရပါတယ်။

>

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly