WINNER အဖွဲ့ဝင် နမ်ထယ်ဟွန်း နဲ့ မင်းသမီး Jung Ryeo Won တို့ တွဲခုတ်နေကြောင်း သတင်းများ ထွက်ပေါ်

WINNER အဖွဲ့ဝင် နမ်ထယ်ဟွန်း နဲ့ မင်းသမီး Jung Ryeo Won တို့ တွဲခုတ်နေကြောင်း သတင်းများ ထွက်ပေါ်

ဆိုးလ် ၊ အောက်တိုဘာ ၁၈ ။            ။ တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့  WINNER အဖွဲ့ဝင် နမ်ထယ်ဟွန်း နှင့် မင်းသမီး  Jung Ryeo Won တို့ နှစ်ဦးသည် တွဲနေကြောင်း  သတင်းများ ထွက်ပေါ်လျက်ရှိသည်။

နမ်ထယ်ဟွန်း နှင့်  Jung Ryeo Won တို့သည် သူငယ်ချင်းတစ်ယောက်၏ မိတ်ဆက်ပေးမှုမှတစ်ဆင့် သိကျွမ်းခဲ့ကြပြီး အနုပညာအပေါ် စိတ်ဝင်စားမှုရှိခြင်းကြောင့် အလျင်အမြန် ရင်းနှီးခဲ့ကြသည်။ ယင်းနောက်တွင်  ချစ်သူများ ဖြစ်ခဲ့ကြကြောင်း နှင့် ၎င်းတို့နှစ်ဦး တွဲနေသည်မှာ ခန့်မှန်းခြေအားဖြင့် တစ်နှစ်နီးပါး ရှိပြီဖြစ်ကြောင်း  Xports News က ထုတ်ပြန်သော အစီရင်ခံစာတွင်   ပြောကြားထားသည်။

နမ်ထယ်ဟွန်း နှင့်  Jung Ryeo Won တို့ကို လွန်ခဲ့သည့် ရက်ပေါင်းများစွာက ဂမ်းနမ်းဒေသ Shinsa-dong ရှိ ကော်ဖီဆိုင်တွင် နှစ်ယောက်အတူ တွေ့ရှိခဲ့သည်။

သို့ရာတွင်  Jung Ryeo Won၏ အေဂျင်စီက ယင်းထုတ်ပြန်ချက်နှင့် စပ်လျဉ်း၍ ငြင်းဆိုခဲ့ပြီး နမ်ထယ်ဟွန်း နှင့်  Jung Ryeon Won တို့သည် သူငယ်ချင်းများသာ ဖြစ်ကြောင်း နှင့် ၎င်းတို့နှစ်ဦး တွဲနေသည် ဆိုသည်မှာ မဟုတ်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် Jung Ryeo Won သည် အသက် ၃၅ နှစ် ရှိပြီဖြစ်ပြီး နမ်ထယ်ဟွန်းသည် အသက် ၂၂ နှစ်ရှိ ပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly