နစ်ကီမင်နက ၎င်း၏ ဘဝအကြောင်းကို အခြေခံရိုက်ကူးထားသော ရုပ်သံဇာတ်လမ်းတွဲ ထုတ်လွှင့်ပြသမှုကို ရွှေ့ဆိုင်းကြောင်း ကြေညာ

နစ်ကီမင်နက ၎င်း၏ ဘဝအကြောင်းကို အခြေခံရိုက်ကူးထားသော ရုပ်သံဇာတ်လမ်းတွဲ ထုတ်လွှင့်ပြသမှုကို ရွှေ့ဆိုင်းကြောင်း ကြေညာ

နယူးယော့ခ် ၊ အောက်တိုဘာ ၁၈ ။                   ။ အမေရိကန် ရက်ပ်အဆိုတော် နစ်ကီမင်နသည် မကြာမီ ထုတ်လွှင့်ပြသမည့် ၎င်း၏ ကိုယ်တိုင်ရေးအတ္ထုပတ္တိ အကြောင်းကို အခြေခံရိုက်ကူးထားသော ရုပ်သံဇာတ်လမ်းတွဲ အစီစဉ် ပြသမှုကို ရွှေ့ဆိုင်းကြောင်း ကြေညာခဲ့သည်။

“ဒီဇာတ်ကားထဲမှာ တစ်ချိန်တည်းမှာပဲ အဖြစ်အပျက် တော်တော်များများ ဖြစ်သွားတယ်။ ဒါကြောင့် ကျွန်မတို့က ဇာတ်ညွှန်းတွေကို ပြင်ချင်တယ်။ ကျွန်မတို့ အချိန်ပေးရမယ်။ ဒီဇာတ်ကားကို ထုတ်လုပ်မှုမှာ ပါဝင်တဲ့ သူတိုင်းက ဇာတ်ကားကို အကောင်းဆုံး ဖြစ်ချင်ကြတယ်။”ဟု နစ်ကီမင်နက ပြောကြားခဲ့သည်။

ဇာတ်လမ်းတွဲ ထုတ်လုပ်မှုတွင် ပါဝင်သော သူတိုင်းကလည်း ဇာတ်လမ်းတွဲကို ပိုမိုကောင်းအောင် လုပ်ဆောင်လိုကြကြောင်း နစ်ကီမင်နက ရေဒီယိုတွေ့ဆုံ မေးမြန်းမှုတွင် ပြောကြားထားသည်။ ABC Family ရုပ်သံလိုင်းက နယူးယော့ခ်မြို့ ကွင်းစ်ဒေသတွင် ရှင်သန်ကြီးပြင်းလာရသော နစ်ကီမင်န၏ ဘဝအကြောင်းကို အခြေခံရိုက်ကူးသွားမည် ဖြစ်ကြောင်း ၂၀၁၅ ခုနှစ်ကုန်က ကြေညာခဲ့သည်။

အဆိုပါ ဇာတ်လမ်းတွဲ ပွဲဦးထွက် ထုတ်လွှင့် ပြသမည့်ရက်ကို ယခုအချိန်ထိ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly