“Train to Busan” နောက်ဆက်တွဲ ဇာတ်ကားတွင် လီမင်ဟို နဲ့ ဆောင်းဂျွန်ကီတို့ ပါ၀င်သရုပ်ဆောင်သွားမှာလား

“Train to Busan” နောက်ဆက်တွဲ ဇာတ်ကားတွင် လီမင်ဟို နဲ့ ဆောင်းဂျွန်ကီတို့ ပါ၀င်သရုပ်ဆောင်သွားမှာလား

ဆိုးလ် ၊ အောက်တိုဘာ ၁၇ ။             ။ တောင်ကိုရီးယား မင်းသား လီမင်ဟို နှင့် ဆောင်းဂျွန်ကီတို့သည် “Train to Busan” နောက်ဆက်တွဲ ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်နိုင်ဖွယ် ရှိကြောင်း  အမေရိကန် ဗီဒီယိုဂိမ်းဆိုင်ရာ သတင်းများ အကြောင်းကို တင်ဆက်သော Gamenguide တွင် ဖော်ပြထားသည်။

“Train to Busan” နောက်ဆက်တွဲ ဇာတ်ကားတွင် ဆောင်းဂျွန်ကီ ခေါင်းဆောင်မင်းသားနေရာမှ ပါဝင်သရုပ်ဆောင်ရန် ဆန်းစစ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း အတွင်းလူတစ်ဦးက   ပြောကြားသည်။ ဆောင်းသည် “Train to Busan” ပထမဇာတ်ကားမှ မိန်းကလေးငယ်၏ သမီးကို ကယ်ဆယ်ရမည်ဖြစ်ကြောင်း သတင်းအရင်းမြစ်က ပြောကြားသည်။

ထို့အပြင် လီမင်ဟိုသည် ဆောင်းဂျွန်ကီ နှင့်  “Train to Busan 2” တွင် ပါဝင်သရုပ်ဆောင် နိုင်ဖွယ်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လီမင်ဟို၏ သရုပ်ဆောင်ရမည့် ဇာတ်ကောင်စရိုက် အသေးစိတ်ကို ယခုအချိန်ထိ ထုတ်ပြန်ပြောကြားခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly