ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ကျောင်းများတွင် ကျောင်းဆရာ၊ ဆရာမ ၈၆၇၆ ယောက် လိုအပ်

ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ကျောင်းများတွင် ကျောင်းဆရာ၊ ဆရာမ ၈၆၇၆ ယောက် လိုအပ်
ဒိုက်ဦးမြို့နယ် ဆင်ဇလုပ်ကျေးရွာရှိ မူလတန်းလွန် ကိုယ်ထူကိုယ်ထကျောင်းရှိ မူလတန်းလွန် အလယ်တန်း ပညာရေး ကျောင်းသူကျောင်းသားများအားသင်ကြားပေးနေသည့် ဆရာမတစ်ဦးအား သြဂုတ်လ ၂၅ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ဟောင်ဆာ (ရာမည)

ပုသိမ်၊အောက်တိုဘာ ၁၇ ။         ။ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကျောင်းများတွင် ကျောင်းဆရာ၊ ဆရာမ ၈၆၇၆ ယောက် လို အပ်လျှက်ရှိကြောင်း တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး   ဒေါက်တာလှမြတ်သွေးက မဇ္ဈိမသို့ပြောသည်။

"ကျောင်းဆရာ ဆရာမလိုအပ်တာ အဓိက မူလတန်းသင်ဆရာတွေ ပိုလိုအပ်နေတာ၊ အဓိက ကျောင်းတွေ အဆင့်တိုး မြင့်ပေး လိုက်တာရယ်။ နောက်တချို့ကျေးရွာမှာ ကျောင်းရသွားတော့ ဆရာဆရာမတွေ ထပ်လိုအပ်တာပါ၊ ကျောင်း သားများတဲ့ ကျောင်းတွေကို ဆရာတွေတိုးချထားပေးတယ်၊ဆရာနဲ့ ကျောင်းသားအချိုး ပြောင်းလဲတာကြောင့်” ဟု ဆ ရာဆရာမလိုအပ်ချက်ဖြစ်ပေါ်လာရခြင်းအား လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက မဇ္ဈိမသို့ပြောသည်။

ဧရာဝတီတိုင်း ဒေသကြီးတွင် မူလတန်း ပြဆရာ ၄၈၅၀ဦး၊ အလယ်တန်းပြဆရာ ၂၅၃၂ဦး၊ အထက်တန်းပြဆရာ ၄၄၀  ဦး၊ မူလတန်းကျောင်းအုပ် ၈၃၇ဦး၊ အလယ်တန်းပြ ကျောင်းအုပ်၄ဦး၊ အထက်တန်းပြ ကျောင်းအုပ် ၁၃ဦး လို အပ်နေ ကြောင်း သိရှိရသည်။

ဧရာဝတီတိုင်းဒေသကြီး ပညာရေးဌာနတွင် ၅၈၇၃၃ ဦး ခန့်ထားရမည်ဖြစ်ပြီး လက်ရှိ ၅၀၀၅၇ ဦးသာတာဝန်ထမ်း ဆောင်နေပြီး ၊ ၈၆၇၆ဦး လစ်လပ်လျက် ရှိသည်။

ဧရာဝတီတိုင်း ဒေသကြီး အထက်တန်းတွင်ကျောင်းသား ၁၂၈၄၀၀ဦး၊ အလယ်တန်းတွင် ၃၅၃၂၂၇ ဦးနှင့် မူလတန်း အ ဆင့် တွင် ၇၁၇၀၆၉ဦး ပညာသင်ကြားနေသည်။ဆရာနှင့်ကျောင်းသားအချိုးမှာ မူလတန်းအဆင့်တွင် ဆရာ တစ်ဦး ကျောင်းသားနှစ်ဆယ်ဦး၊ အလယ်တန်းတွင် ဆရာတဦး ကျောင်းသား သုံးဆယ်နှစ်ဦး၊ အထက်တန်းတွင် ကျောင်း ဆရာ တစ်ဦး ကျောင်းသားနစ်ဆယ်ခြောက်ဦး အချိုးရှိသည်။

"မသင်မနေရ မူလတန်းပညာရေးကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ အလယ်တန်းအဆင့်နှင့် အ ထက်တန်း အဆင့်တွင် ကျောင်းနေမြဲရေး ကြပ်မတ်ဆောင်ရွက်ရေး၊ သင်ရိုးညွန်းတမ်းနှင့် သင်ရိုး မာတိကာများကို နိုင်ငံ တကာအဆင့်မီ မြှင့်တင်ဆောင်ရွက်ရေးနှင့် လိုက်လျောညီထွေ ပညာရေးစစ်ဆေး တိုင်းတာမှု စနစ်ပေါ်ထွန်ရေး၊ အခြေ ခံပညာသင်ဆုနှင့် ပညာသင်ထောက်ပံ့ကြေးပေးရေး ဆောင်ရွက်ခြင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအရ အခြေခံပညာ မူ လ တန်းအဆင့်တွင် ကလေးဗဟိုပြုသင်ယူမှု ချဉ်းကပ်နည်းကို ထိရောက်စွာအသုံးပြု သင်ကြားရေး စသည့်တို့ကို အ ကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly