တန်ဖိုးနည်းအိမ်ရာတွေ ဘယ်မှာလဲ?

တန်ဖိုးနည်းအိမ်ရာတွေ ဘယ်မှာလဲ?

မြန်မာနိုင်ငံရဲ့ နေရေးပြဿနာကအခြေခံလူတန်စားလုပ်သားတွေအတွက် ပူပန်နေရတုန်းအခြေအနေပဲ။ ၂၀၁၂ အရင် အစိုးရလက်ထက်ကတည်းကစပြီး တန်ဘိုးနည်းအိမ်ရာဆိုတဲ့   ပြောစကားတွေကနေ မျှော်လင့်ချက် ရောင်ခြည်သန်းလာတဲ့ အခြေအနေတစ်ချို့ကို မြင်တွေ့ခဲ့ရပေမယ့် လက်တွေ့မှာ ဖြစ်မလာသေးတာမျိုးရှိနေပါတယ်။ အဲတော့ အများမျှော်လင့်နေကြတဲ့ တန်ဘိုးနည်းအိမ်ရာဆိုတာဘာလဲ..။ လက်ရှိမှာအကောင်အထည်ဖော်နေတဲ့ တန်ဘိုးနည်းအိမ်ရာတွေကရော ကောင်းမွန်တဲ့အဖြေတစ်ခုလား။

ရန်ကုန်မြို့မှာ ကျောတစ်ခင်းစာနေရာရရှိဖို့က တန်ဖိုးကြီးလှပါတယ်။ လူစည်ကားတဲ့နေရာတွေမှာဆိုရင် လူတစ်ယောက်ရဲ့ ကျောတစ်ခင်းစာအတွက် တစ်လကိုသုံးသောင်းကနေ ငါးသောင်းကြားပေးပြီး နေထိုင်ကြရပါတယ်။

၂၀၁၂ ခုနှစ်ဝန်းကျင်မှာတော့ အိမ်းငှားရမ်းနေထိုင်သူတွေအတွက် မျှော်လင့်ချက်ဖြစ် လာနိုင်မယ့် တန်ဘိုးနည်းအိမ်ရာစီမံကိန်းတွေဆိုတာက လက်တွေ့မှာ ဖြစ်မလာခဲ့ပါဘူး။

"အခုဒီအစိုးရအသစ်က ဆောက်လုပ်ရေးဝန်ကြီးပြောသလိုပဲ ၁၀၀ အောက် တန်ဖိုးနည်းအိမ်ယာတွေကို နှစ်နှစ်အတွင်းမှာ ၈၀၀၀ ဖော်ထုတ်မယ်ဆိုတာကို ပြောင်းလဲဖော်ထုတ်မှာလား။ နောက်တစ်ခါ လက်ရှိအစိုးရသစ်သည် သင်ခန်းစာယူဖို့ကောင်းတာက အရင်အစိုးရတုန်းက တန်ဖိုးနည်းအိမ်ယာတွေကို တည်ဆောက်ပြီးတော့ အခန်းယူနစ်ပေါင်း နှစ်သောင်းသုံးသောင်းဖော်ထုတ်မယ်ပြောခဲ့တာ တကယ်တန်းကြတော့ ထွက်မလာဘူး။ လက်ရှိအချိန်ထိတော့ အိမ်ငှားရမ်းနေထိုင်သူတွေအတွက် အိမ်ပိုင်ဆိုင်ခွင့် ကတော့ အလှမ်းဝေနေဆဲပါ။" လို့ မြန်မာနိုင်ငံအိမ်ခြံမြေအသင်း (ဗဟို) ရဲ့ ဒုဥက္ကဋ္ဌ ဦးသန်းဦးက ပြောပါတယ်။

အကောင်အထည်ဖော်ဆောက်လုပ်နေတဲ့ အိမ်ယာတချိုဆိုရင် လမ်းပန်းဆက်သွယ်ရေး အားနည်းနေသေးသလို အိမ်ငှားရမ်းနေထိုင်သူတွေအတွက် အလှမ်းဝေးနေသေးတဲ့ ဈေးတွေ ဖြစ်နေသေးတယ်လို့လဲဆက်ပြောပြပါတယ်။

"တန်ဖိုးနည်းအိမ်ယာဆောက်တယ် သွားရေလာရေးမလွယ်ကူဘူးဆိုတဲ့အခါကြရင် ဒီဆက်သွယ်ရေးတွေ အားနည်းလို့ ပြည်သူတွေအတွင် လမ်းပန်းဆက်သွယ်ရေးတွေ မကောင်းလို့ ရထားတို့ လိုင်ကားတို့ ဒီလိုမျိုးတွေ အားနည်လို့ တန်ဖိုးနည်းအိမ်ယာကဆောက်သာဆောက်တယ် ဝယ်မယ့်သူမရှိရင်လည်းတန်ဖိုးနည်းအိမ်ယာဆိုတဲ့ ဒီတန်ဖိုးနည်းအိမ်ယာတွေ ကိုလက်လှမ်းမှီတဲ့လူတွေအတွက် ကောင်မွန်တဲ့အဖြေရနိုင်မယ်လို့ ကျွန်တော် မထင်ပါဘူး။" လို့ ရွှေလင်ဗန်းစက်မှုဇုံ အထွေထွေအတွင်းရေးမှူး ဦးနေလင်းဇင်က မဇ္ဈိမကို ပြောပါတယ်။

တန်ဖိုးနည်းအိမ်ယာတွေရဲ့ ဈေးနှုန်းက တစ်စတုရန်းပေ (1 sqf) ကို ကျပ်နှစ်သောင်းဝန်းကျင် တန်ဖိုးမျှ အိမ်ယာတွေဆိုရင် ကျပ်တစ်သိန်းဝန်းကျင် ရှိနေတာကြောင့် ဒီအိမ်ယာတွေကို စိတ်ဝင်စားမှု့လျှော့နည်းလာတယ်လို့ ပြောပြပါတယ်။

နောက်တစ်ခုအနေနဲ့ လက်ရှိအစိုးရလက်ထက်အတွင်းမှာအခန်းယူနစ်ပေါင်းတစ်သိန်းရှစ်သောင်းကျော် ဖော်ထုတ်မယ်လို့ ပြောဆိုထားတာဟာလက်တွေ့မှာတကယ်ဖြစ်လာနိုင်မလားဆိုပြီး မြန်မာနိုင်ငံအိမ်ခြံမြေအသင်း-ဗဟိုရဲ့ ဒုတိယဥက္ကဌဦးသန်းဦးကမေးခွန်းထုတ်ထားပါတယ်။

"အခုလည်းငါးနှစ်တာကာလအတွင်းဒီအစိုရသစ်လက်ထက်မှာအခန်းယူနစ်ပေါင်းတန်ဖိုးနည်းအိမ်ယာတစ်သိန်းရှစ်သောင်းလောက် ဖော်ထုတ်မယ်ဆိုတာသည် အပြောတွေကတော့ အရင်အစိုးရနဲ့ အခုအစိုးရသွားပြီးတော့ တူသယောင် ဖြစ်နေတယ်။

အရင်အစိုးရတုန်းကပြောတဲ့အတိုင်းလုပ်မသွားနိုင်ဘူးဒီအစိုးရသစ်အနေအထားနဲ့ရောပြောတာတွေကအဲလောက်ကြီးမားနေတာတစ်သိန်းရှစ်သောင်းဆိုတဲ့ အခန်းယူနစ်သည် တစ်နှစ်တစ်နှစ်ကိုအခန်းပေါင်းသုံးသောင်းနဲ့ ငါးထောင် ထွက်မှ ငါးနှစ်မှာတစ်သိန်းရှစ်သောင်းပြည့်မှာလေဆိုတော့ တကယ်ရောပြောတဲ့အတိုင်းတစ်နှစ်မှာအခန်းပေါင်းသုံးသောင်းနဲ့ ငါးထောင် ထုတ်နိုင်မှာလား။" လို့ ၎င်းက မေးခွန်းထုတ်လိုက်တာပါ။

တန်ဖိုးနည်းအိမ်ယာအကောင်အထည်ဖော်ရာတွင် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုကို ဦးစားပေးဆောင်ရွက်သင့်သလို အမှန်တကယ်လိုအပ်ချက်ရှိနေတဲ့ နေရာတွေကို ရွေးချယ်ဆောက်လုပ်ပေးဖို့ လိုတယ်လို့လဲအကြံပြု ပြောဆိုထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly