ဘေလ်ဘုတ်၏ ၂၀၁၆ ခုနှစ် တစ်နှစ်တာ အကောင်းဆုံး အမျိုးသမီးဆုကို ရရှိခဲ့တဲ့ မက်ဒေါနား

ဘေလ်ဘုတ်၏ ၂၀၁၆ ခုနှစ် တစ်နှစ်တာ အကောင်းဆုံး အမျိုးသမီးဆုကို ရရှိခဲ့တဲ့ မက်ဒေါနား

နယူးယော့ခ် ၊ အောက်တိုဘာ ၁၅ ။                    ။ ပေါ့ပ်ဘုရင်မ မက်ဒေါနားသည် ဘေလ်ဘုတ်၏  ၂၀၁၆ ခုနှစ် တစ်နှစ်တာ အကောင်းဆုံး အမျိုးသမီးဆုကို ဆွတ်ခူးခဲ့ကြောင်း သတင်းတစ်ရပ်တွင်   ဖော်ပြထားသည်။

မက်ဒေါနားသည် နယူးယော့ခ်မြို့၌ ဒီဇင်ဘာ ၉ ရက်တွင် ကျင်းပပြုလုပ်မည့် ၁၁ ကြိမ်မြောက် ဘေလ်ဘုတ်အမျိုးသမီး အဆိုတော်များ တေးဂီတပွဲတော်တွင် အဆိုပါဆုကို လက်ခံရရှိသွားမည်ဖြစ်သည်။

“ မက်ဒေါနားဟာ တေးဂီတလောကမှာ လွှမ်းမိုးမှုရှိတဲ့ စူပါစတား အနုပညာရှင်တွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်” ဟု  The Hollywood Reporter-Billboard Media Group ဥက္ကဌတစ်ဦးဖြစ်သူ ဂျာနက်စီမင်က အစီရင်ခံစာတွင် ပြောကြားထားသည်။

“ သူမရဲ့ ဖန်တီးမှုတွေ ၊ မရပ်မနား တီထွင်ဆန်းသစ်မှုတွေနဲ့ ပရဟိတ အလုပ်များအပေါ် စူးစိုက်လုပ်ဆောင်မှုတွေက သူမကို ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ လူသန်းပေါင်းများစွာရဲ့ လေးစားမှုကို ရရှိစေတယ်။”ဟု ဂျကာနက်စီမင်က ပြောကြားသည်။

အသက် ၅၈နှစ် အရွယ်ရှိ မက်ဒေါနားသည်  “Rebel Heart” ကမ္ဘာလှည့်ဖျော်ဖြေပွဲကို တစ်နှစ်ပတ်လုံးနီးပါး လုပ်ဆောင်ခဲ့ရာ လက်မှတ် တစ်သန်းကျော် ရောင်းချခဲ့ရပြီး အမေရိကန်ဒေါ်လာ သန်း၁၇၀ အမြတ်အစွန်း ရရှိခဲ့သည်။

မက်ဒေါနားသည်  ဖျော်ဖြေပွဲများမှ စုစုပေါင်း အမြတ်အစွန်း အမေရိကန်ဒေါ်လာ ၁ဒသမ၃၁ဘီလျံ ရရှိအောင် လုပ်ဆောင်ခဲ့ခြင်းကြောင့် ယခုအခါ  Billboard Boxsocre သမိုင်းတွင်  အမြတ်စွန်း အများဆုံးရရှိသည့် တစ်ကိုယ်တော် ဖျော်ဖြေပွဲ အဆိုတော် တစ်ဦးဖြစ်ကြောင်း ဘေလ်ဘုတ်က ကြေညာခဲ့သည်။

မက်ဒေါနားသည် တစ်ချိန်လုံးရောင်းအား အကောင်းဆုံး အမျိုးသမီးအဆိုတော် တစ်ဦးဖြစ်ပြီး Billboard Hot  ၁၀၀ စာရင်း၌ ထိပ်တန်း ဆယ်နေရာတွင် အများဆုံးပါဝင်သည့် စံချိန်ကိုရယူထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags