တေးအယ်လ်ဘမ်သစ်နဲ့ အတူ နိုဝင်ဘာလတွင် တေးဂီတလောကသို့ ပြန်လာမယ့် T-ara အဖွဲ့

တေးအယ်လ်ဘမ်သစ်နဲ့ အတူ နိုဝင်ဘာလတွင် တေးဂီတလောကသို့ ပြန်လာမယ့် T-ara အဖွဲ့

ဆိုးလ် ၊ အောက်တိုဘာ ၁၄ ။                    ။ တောင်ကိုရီးယား အမျိုးသမီးအဆိုတော်အဖွဲ့ T-araသည် နိုဝင်ဘာလတွင် တေးအယ်လ်ဘမ်သစ်နှင့်အတူ ဂီတလောကသို့  ပြန်လာမည်ဖြစ်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

“ T-ara အဖွဲ့ဟာ လောလောဆယ်မှာတော့ နိုဝင်ဘာလမှာ တေးအယ်လ်ဘမ်သစ် ထွက်ရှိရေးအတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်။”ဟု MBK  အင်တာတိန်းမန့် အေဂျင်စီက အောက်တိုဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

T-ara အဖွဲ့သည် တေးသီချင်းသစ်အတွက်  Duble Sidekick အဖွဲ့နှင့်အတူ ထပ်မံ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နှင့် Duble Sidekick အဖွဲ့သည် ယခင်ကလည်း T-ara အဖွဲ့အတွက် တေးသီချင်းများ   ရေးသားပေးခဲ့သည့်အပြင်   ဂျီယွန် နှင့် အမ်ဂျောင်တို့အတွက် တစ်ကိုယ်တော် တေးသီချင်းများကို ရေးသားပေးခဲ့သည်။

T-ara အဖွဲ့သည် ၂၀၁၅ ခုနှစ် သြဂုတ်လက  နောက်ဆုံးတေးအယ်လ်ဘမ် “So Good” ထွက်ရှိခဲ့ပြီးနောက် တစ်နှစ်နှင့် သုံးလအကြာတွင်   တေးအယ်လ်ဘမ်သစ်နှင့်အတူ   တေးဂီတ လောကသို့   ပြန်လာမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly