မလေးရှားမှာ ပရိတ်သတ် တွေ့ဆုံပွဲ ပြုလုပ်ခဲ့တဲ့ မင်းသား ကင်ရေးဝမ်

မလေးရှားမှာ ပရိတ်သတ် တွေ့ဆုံပွဲ ပြုလုပ်ခဲ့တဲ့ မင်းသား ကင်ရေးဝမ်

ဆိုးလ် ၊ အောက်တိုဘာ ၁၄ ။                          ။ တောင်ကိုရီးယား မင်းသား ကင်ရေးဝမ်သည် မလေးရှားနိုင်ငံသို့ ပထမဆုံးအကြိမ် အလည်ပတ်သွားရောက်ခဲ့ပြီး ပရိတ်သတ် တွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြောင်း ၎င်း၏ အေဂျင်စီက အောက်တိုဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

အသက် ၃၅ နှစ်အရွယ်ရှိ ကင်ရေးဝမ်သည်  အောက်တိုဘာ ၁၁ ရက်က  Pavilion Kuala Lumpur ရှောပင်းမောလ်တွင် ပရိသတ် ၅၀၀၀ ကျော်နှင့် တွေ့ဆုံခဲ့ရကြောင်း  နှင့် ပရိသတ်များသည် “Doctors” ဇာတ်ကားမှ ၎င်း၏ နာမည်ပြောင် “Hong Hong Hong” ကို ကျယ်လောင်စွာ အော်ခဲ့ကြကြောင်း  HB အင်တာတိန်းမန့်က ပြောကြားသည်။

ကင်သည် လပေးမှာယူ ကြည့်ရှုသည့် ရုပ်သံလိုင်းများ နှင့်  ONE TV Asia ရုပ်သံလိုင်းတို့တွင် အခြားသော ဒရမ်မာဇာတ်ကားများထက် ကြည့်ရှုသူ ရှစ်ဆကျော် စံချိန်တင်ခဲ့သည့်  SBS ရုပ်သံဇာတ်လမ်းတွဲ  “Doctors” ဇာတ်ကားဖြင့် လူကြိုက်များမှု မြင့်တတ်ခဲ့သည်။

“Doctors” ဇာတ်ကားသည် ဆေးရုံတစ်ရုံတည်းတွင် အာရုံကြောခွဲစိတ်ကုသ ဆရာဝန်များအဖြစ် ထပ်မံတွေ့ဆုံခဲ့သည့် ဆရာနှင့် တပည့်အကြား အချစ်ဇာတ်လမ်းအကြောင်းကို ဇာတ်အိမ်ဖွဲ့ ရိုက်ကူးထားခြင်းဖြစ်သည်။အဆိုပါ ဇာတ်ကားပြသမှုသည် သြဂုတ်လက ပြီးဆုံးခဲ့ပြီး နိုင်ငံတစ်ဝန်းကြည့်ရှုသူ ၂၀ရာခိုင်နှုန်းခန့် စံချိန်တင်ခဲ့သည်။ယင်းဇာတ်ကားတွင် မင်းသမီး ပက်ခ်ရှင်ဟေးက   ခေါင်းဆောင်မင်းသမီး နေရာမှ ပါဝင် သရုပ်ဆောင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly