ဗြိတိန်ဖျော်ဖြေရေး ခရီးစဉ်အတွင်း လန်ဒန် အထက်တန်းကျောင်း ဘောလုံးပြိုင်ပွဲတွင် ပါ၀င်ကစားခဲ့တဲ့ ဂျက်စတင်ဘီဘာ

ဗြိတိန်ဖျော်ဖြေရေး ခရီးစဉ်အတွင်း လန်ဒန် အထက်တန်းကျောင်း ဘောလုံးပြိုင်ပွဲတွင် ပါ၀င်ကစားခဲ့တဲ့ ဂျက်စတင်ဘီဘာ

လော့စ်အိန်ဂျလိစ် ၊ အောက်တိုဘာ ၁၄ ။               ။ ကနေဒါအဆိုတော် ဂျက်စတင်ဘီဘာသည် ဗြိတိန်ဖျေ်ာဖြေရေး ခရီးစဉ်အတွင်း လန်ဒန် အထက်တန်းကျောင်း ဘောလုံးပြိုင်ပွဲတွင် ပါဝင် ကစားခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဂျက်စတင်ဘီဘာသည် ယခုသီတင်းပတ်က  O2  အားကစားကွင်းတွင် ကျင်းပပြုလုပ်မည့် ဖျော်ဖြေပွဲအတွက် လန်ဒန်မြို့တွင် ရောက်ရှိနေပြီး ဟာရင်ဂေးရှိ  Highgate ကျောင်းသို့ အလည်ပတ်သွားခဲ့ပြီး အထက်တန်းကျောင်း ဘောလုံးပြိုင်ပွဲတွင် ပါဝင်ကစားခဲ့သည်။

ဘီဘာသည် အနီရင့်ရောင် တူညီဝတ်စုံ ဘောလုံးအကျီၤကို ဝတ်ဆင်ထားပြီး ကျောင်းသားဘောလုံးအဖွဲ့နှင့်အတူ ဓာတ်ပုံရိုက်ခဲ့ပြီး တွစ်တာပေါ်တွင် တင်ခဲ့သည်။ ဂျက်စတင်ဘီဘာသည် Greenwich မြို့ရှိ O2 အားကစားကွင်းတွင် ကျင်းပပြုုလုပ်မည့် ဒုတိယမြောက် ဖျော်ဖြေပွဲမတိုင်မီ ဘောလုံးပြိုင်ပွဲတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကျောင်းရှိ ကျောင်းသားများ နှင့် ကျောင်းသားဟောင်းများက ဘောလုံးပြိုင်ပွဲတွင် ဧည့်သည် ဘောလုံးကစားသမားအဖြစ် ပါဝင်ကစားပေးခဲ့သော ဂျက်စတင်ဘီဘာနှင့် ပတ်သက်၍ စိတ်လှုပ်ရှားမိကြောင်း ပြောကြားခဲ့သည်။

ဘီဘာသည်  O2 ကစားကွင်း၌ အောက်တိုဘာ ၁၄ရက် နှင့် ၁၅ရက်တို့တွင် ဖျော်ဖြေပွဲနှစ်ပွဲ ကျင်းပသွားမည်ဖြစ်ပြီး ယင်းနောက်တွင်  Barclaycard အားကစားကွင်းတွင်   ပြုလုပ်မည့်   နှစ်ရက်ကြာဖျော်ဖြေပွဲအတွက် ဘာဘင်ဟမ်သို့ သွားရောက်မည်ဖြစ်ပြီး မန်ချက်စတာ အားကစားကွင်းတွင် ပြုလုပ်မည့် ဖျော်ဖြေပွဲအတွက် မန်ချက်စတာမြို့သို့ သွားရောက်မည်ဖြစ်သည်။

ဘီဘာသည် ဥရောပဖျော်ဖြေပွဲ မတိုင်မီ ရှက်ဖီးလ် ၊ ဂလက်စ်ဂို နှင့် ဒူဘလင်တို့တွင် ဖျော်ဖြေသွားမည်ဖြစ်သည်။ထို့ကြောင့် ဘီဘာသည် လန်ဒန်မြို့ရှိ  O2 အားကစားကွင်းသို့ နိုဝင်ဘာ ၂၈ နှင့် ၂၉ ရက်တွင် ပြန်လည် ရောက်ရှိမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly