ဂီတလောကကို ပြန်လာဖို့ အေဂျင်စီနဲ့ ဆွေးနွေးမှုပြုလုပ်နေတဲ့ လီဟိုရီ

ဂီတလောကကို ပြန်လာဖို့ အေဂျင်စီနဲ့ ဆွေးနွေးမှုပြုလုပ်နေတဲ့ လီဟိုရီ

ဆိုးလ် ၊ အောက်တိုဘာ ၁၃ ။         ။ တောင်ကိုရီးယားအဆိုတော် သရုပ်ဆောင်မင်းသမီး လီဟိုရီသည်  Kiwi Media Group ဥက္ကဌတစ်ဦးဖြစ်သူ တေးရေး နှင့် ထုတ်လုပ်သူ ကင်ဟောင်ဆွတ်ခ် နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း  အောက်တိုဘာ ၁၃ရက်က သတင်းအရင်းမြစ်တစ်ခုက  သတင်းထုတ်ပြန်သည်။

လီဟိုရီသည် လာမည့်နှစ်အတွင်း တေးအယ်လ်ဘမ်သစ်ထုတ်လုပ်ရန် မကြာသေးမီက စာချုပ်ချုပ်ဆိုခဲ့ကြောင်း သတင်းအရင်းမြစ်တစ်ခုက ပြောကြားသည်။

“  ကင်ဟောင်ဆွတ်ခ် နဲ့ လီဟိုရီတို့ဟာ တေးဂီတကို အတူပူးပေါင်းလုပ်ဆောင်ခဲ့ရာမှ တစ်ယောက်နဲ့ တစ်ယောက် သိကျွမ်းတာ အချိန်အတော်ကြာနေပါပြီ။ သူတို့ တေးဂီတအယ်လ်ဘမ်နဲ့ ပတ်သက်လို့ မကြာသေးမီက ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ စာချုပ်အတွက် ဆွေးနွေးမှုတွေမလုပ်ဆောင်ရသေးပါဘူး”ဟု  Kiwi Media Group က ထွက်ပေါ်နေသော သတင်းများကို ယခုကဲ့သို့ တုံ့ပြန်ဖြေကြားခဲ့သည်။

လီဟိုရီသည်  Uhm Jung Hwa ၏ မကြာမီထွက်ရှိမည့် တေးအယ်လ်ဘမ်တွင် ပါဝင်သွားမည်ဖြစ်ကြောင်း မကြာသေးမီက ထွက်ရှိသော ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags