ရောဂါအခြေနေ သက်သာလာပြီဖြစ်တဲ့ ဆလီနာဂိုမက်ဇ်

ရောဂါအခြေနေ သက်သာလာပြီဖြစ်တဲ့ ဆလီနာဂိုမက်ဇ်

နယူးယော့ခ် ၊ အောက်တိုဘာ ၁၃ ။         ။ အမေရိကန် အဆိုတော် ဆလီနာဂိုမက်ဇ်သည် lupus ရောဂါကြောင့် နောက်ဆက်တွဲ အကျိုးဆက်များဖြစ်သော စိုးရိမ်ကြောင့်ကြမှု ၊ ကြောက်ရွံခြင်း နှင့် စိတ်ဓာတ်ကျခြင်းတို့ကို ကုသရန်အတွက် အနုပညာလောကမှ ခတ္တအနားယူခဲ့ပြီးTennessee ပြန်လည်ထူထောင်ရေးစင်တာတွင် ကုသမှုခံယူခဲ့ရာ ယခုအခါ ပြန်လည်ကောင်းမွန်လာပြီဖြစ်သည်။

ဆလီနာသည်   စိုးရိမ်ကြောင့်ကြမှု ၊ ကြောက်ရွံခြင်း နှင့် စိတ်ဓာတ်ကျခြင်းတို့ကို ကုသရန် အနုပညာလောကမှ ခေတ္တအနားယူမည်ဟု သြဂုတ်လက  ကြေညာခဲ့ပြီး  ကျန်ရှိနေသေးသော ၎င်း၏ “Revival” ကမ္ဘာလှည့်ဖျော်ဖြေပွဲရက်များကို ဖျက်သိမ်းခဲ့သည်။

သီတင်းပတ်ကုန်က ဆလီနာသည် မိသားစုဝင်များနှင့် ညစာစားနေစဉ်  Tennessee တွင် ပရိတ်သတ်များနှင့် ရယ်မော်ပျော်ရွှင်စွာ ဓာတ်ပုံရိုက်နေသည်ကို တွေ့ရသည်။” ဆလီနာရဲ့ မိသားစုဝင်တွေဟာ သူမကို စိုးရိမ်နေကြပါတယ်။ သူမဘေးနားမှာ ပြုစုစောင့်ရှောက်ပေးနေပါတယ်”ဟု မိသားစုနဲ့ နီးစပ်သော သတင်းအရင်းမြစ်တစ်ခုက ပြောကြားသည်။

ဆလီနာကို တန်နက်ဆီပြည်နယ် တောင်ဆက်ဒ်ဒေသရှိ Riverstone စားသောက်ဆိုင်တွင် ၎င်း၏အဘိုးအဘွားများနှင့်အတူ မနက်စာစားနေသည်ကို တွေ့မြင်ခဲ့သည်။ ” ဆလီနာဟာ သူမရဲ့အဘိုးအဘွားတွေနဲ့ အတူ မနက်စားစာနေချိန်မှာ ရယ်မောပျော်ရွှင်နေပါတယ်။ သူမကို ကြည့်ရတာ စိတ်ပျော်ရွှင်နေပုံရပြီး စိတ်လက်ပေါ့ပါးနေပုံရပါတယ်” ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly