အိမ်ထောင်ကွဲဖို့ အခြေနေနဲ့ ရင်ဆိုင်နေရတယ်ဆိုတဲ့ သတင်းဟာ မဟုတ်မှန်ကြောင်း ငြင်းဆိုလာတဲ့ ကေတီပရိုက်စ်

အိမ်ထောင်ကွဲဖို့ အခြေနေနဲ့ ရင်ဆိုင်နေရတယ်ဆိုတဲ့ သတင်းဟာ မဟုတ်မှန်ကြောင်း ငြင်းဆိုလာတဲ့ ကေတီပရိုက်စ်

နယူးယော့ခ် ၊ အောက်တိုဘာ ၁၂ ။           ။ ရုပ်သံအကျော်အမော် ကေတီပရိုက်စ်က ၎င်း၏အိမ်ထောင်ရေးသည် ပြိုကွဲတော့မည့် အခြေနေနှင့် ရင်ဆိုင်နေရသည်ဟူသော ကောလာဟလသတင်းမှာ မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ကေတီပရိုက်စ်သည် ရုပ်သံအကျော်အမော် Scotty T နှင့် ချိန်းတွေ့နေသည်ဟူသော သတင်းများထွက်ပေါ်ခဲ့ပြီးနောက် အိမ်ထောင်ပြိုကွဲတော့မည့် အခြေနေနှင့်ရင်ဆိုင်နေရကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

ခင်ပွန်းဖြစ်သူ ကီရန်ဟေလာက ယင်းလုပ်ရပ်သည် အရှက်တကွဲအကျိုးနည်းဖြစ်စေခြင်းကြောင့် ကေတီပရိုက်စ်နှင့်  လမ်းခွဲတော့မည်ဟု ပြောကြားခဲ့သည်ဟူသော သတင်များမှာ   ကောလဟလသတင်းများသာဖြစ်သည်ဟု ကေတီပရိုက်စ်က လူမှုရေးမီဒီယာတွင် ငြင်းဆိုခဲ့သည်။

“ကျွန်မ ဒီနေ့မှာ ပြတ်ပြတ်သားသား ပြောချင်ပါတယ်။ အိမ်ထောင်ပြိုကွဲတော့မယ်လို့ ထွက်ပေါ်နေတဲ့ သတင်းတွေဟာ မဟုတ်မှန်ပါဘူး။ အရမ်းကို စိတ်ပျက်မိပါတယ်”ဟု ကေတီပရိုက်စ်က တွစ်တာတွင် ပြောကြားခဲ့သည်။

ကေတီပရိုက်စ်သည် ရုပ်သံအကျော်အမော်  Scotty T နှင့်ချိန်းတွေ့ခြင်းသည် ၎င်းအပေါ် အလေးထားမှုမရှိဟု ခံစားနေရကြောင်း ပြောကြားခဲ့သည်ဟု  Now  မဂ္ဂဇင်းက ဖော်ပြထားသည်။

“ကီရန်ဟာ အရှက်တကွဲအကျိုးနည်းဖြစ်စေတဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ ကိုင်တွယ်ဖြေရှင်းသွားမှာမဟုတ်ပါဘူး။ ကေတီနဲ့ လမ်းခွဲသွားမှာဖြစ်ပါတယ်”ဟု အတွင်းလူတစ်ဦးက  Now မဂ္ဂဇင်းကို ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly