တစ်နှစ်အတွင်း ဒုတိယအကြိမ် တစ်ကိုယ်တော် ဖျော်ဖြေပွဲလုပ်မယ့် တေးသံရှင် အောင်ရင်

တစ်နှစ်အတွင်း ဒုတိယအကြိမ် တစ်ကိုယ်တော် ဖျော်ဖြေပွဲလုပ်မယ့် တေးသံရှင် အောင်ရင်

အောက်တိုဘာ ၂၂ ။               ။ တေးသံရှင် အောင်ရင်ရဲ့ ဂီတသက်တမ်း ၃၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂီတဖျော်ဖြေပွဲ တစ်ခုကို အောက် တိုဘာလ ၂၂ ရက်တွင် အမျိုးသားဇာတ်ရုံမှာ ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။

ယခုနှစ် မတ်လ ၁၁ ရက် က MEP မှာ ပြုလုပ်ခဲ့တဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို Live 90 minutes လို့ နာမည်ပေးခဲ့ပြီး အောင်မြင်မှု ရရှိခဲ့တာဖြစ်ပြီးတော့ ယခုပြုလုပ်မယ့်   ဖျော်ဖြေပွဲဟာ တေးသံရှင် အောင်ရင်ရဲ့ တစ်နှစ်အတွင်း ဒုတိယအကြိမ်မြောက် ပြုလုပ်တဲ့ ဖျော်ဖြေပွဲ တစ်လည်း ဖြစ်ပါတယ်။

တစ်ကိုယ်တော်ဖျော်ဖြေပွဲကို Aung Yin 32 Live လို့ အမည်ပေးထားပြီး တေးသီချင်း ၃၂ ပုဒ်တိတိကို သီဆို ဖျော်ဖြေသွားမှာဖြစ်တယ်လို့လည်း တေးသံရှင် အောင်ရင်က ပြောပါတယ်။

“ ဒီပွဲမှာ ကျွန်တော် တေးသီချင်း ၃၂ ပုဒ်ဆိုပါတယ်။ အရမ်း ခေတ်ဟောင်းတာတွေတော့ မပါပါဘူး။  ရေဒီယို သီချင်းတွေပါမယ်။ နောက်ပြီးတော့ ကျွန်တော် အရမ်းရူးသွပ်ခဲ့တဲ့ ကျွန်တော့်ရဲ့ Idol ဖြစ်တဲ့ ကိုစိန်လွင်ရဲ့ သီ ချင်း တွေကိုလည်း မဖြစ်မနေ ဆိုမယ်။ နောက် တခြားတေးရေးဆရတွေရဲ့ သီချင်းတွေကိုလည်း Hit song အနေနဲ့ ဆိုပါမယ်” လို့ အောင်ရင်က ပြောပါတယ်။

Aung Yin 32 Live ပွဲတွင် အဆိုတော် အောင်ရင်နှင့်အတူ တခြားတေးသံရှင်များဖြစ်ကြတဲ့ ဇော်ပိုင်၊ R ဇာနည်၊ ဖြိုးပြည့်စုံ၊ ဝိုင်းစုခိုင်သိန်းနှင့် အိုင်းရင်းဇင်မာမြင့်တို့ကလည်း ပါဝင်အားဖြည့် သီဆို ဖျော်ဖြေပေးမှာ ဖြစ်ပါတယ်။

ဖျော်ဖြေပွဲ လက်မှတ်များကိုတော့ တစ်သောင်းကျပ်မှ စတင်ကာ နှစ်သောင်း၊ သုံးသောင်း၊ လေးသောင်း၊ ငါး သောင်း အစရှိသဖြင့် သတ်မှတ်ထားကြောင်းနဲ့ အခြားတေးသံရှင်များ သီဆိုမယ့် တေးသီချင်းများကို အောင်ရင် ကိုယ်တိုင်ရွေးချယ် သီဆိုစေခဲ့သလို ၎င်းတို့ကိုယ်တိုင်တေးသီချင်းများ ရွေးချယ်သီဆိုမှာ ဖြစ်တဲ့အကြောင်း သိရ ပါတယ်။

အဆိုပါ Aung Yin 32 Live ပွဲနှင့် ပတ်သက်ပြီးတော့ စာနယ်ဇင်း ရှင်းလင်းပွဲကို အောက်တိုဘာ ၁၂ ရက်က ရွေ ဂုံတိုင် လမ်းမှာ ရှိတဲ့ Frindship စားသောက်ဆိုင်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly