အင်ချွန်း လေဆိပ်တွင် သတိလစ်သွားတဲ့ EXO အဖွဲ့ဝင် Lay

အင်ချွန်း လေဆိပ်တွင် သတိလစ်သွားတဲ့ EXO အဖွဲ့ဝင် Lay

ဆိုးလ် ၊ အောက်တိုဘာ ၁၁ ။                ။ တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ EXO အဖွဲ့ဝင်  Lay သည် အင်ချွန်းလေဆိပ်တွင် သတိလစ်ခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

 Lay သည် အောက်တိုဘာ ၁၁ရက် နေ့လည်က  EXO အဖွဲ့၏ မကြာမီ ကျင်းပပြုလုပ်မည့် ဖျော်ဖြေပွဲအတွက် ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးသို့ သွားရောက်ရန် လေဆိပ်သို့ ရောက်ရှိခဲ့ပြီး  လေယာဉ်ပေါ် မတတ်မီ ရုတ်တရက် သတိလစ် မေ့မျောခဲ့ခြင်းဖြစ်သည်။ သတိလစ် မေ့မျောသွားခဲ့ခြင်းကြောင့်  Layကို ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လေဆိပ်ရှိ ပရိသတ်များက Lay ၏ အခြေနေကို လူမှုရေး မီဒီယာတွင် အတည်ပြု ပြောကြားခဲ့ကြောင်း နှင့် Lay ကို ဆေးရုံသို့ ခေါ်ဆောင်သွားစဉ် သတိပြန်လည်လာခြင်း မရှိသေးကြောင်း   ပြောကြားထားသည်ဟု ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

EXO အဖွဲ့သည် အောက်တိုဘာ ၁၂ နှင့် ၁၃ရက်တို့တွင်  Makomanai Sekisui Heim Ice အားကစားကွင်းတွင် ဖျော်ဖြေပွဲ ပြုလုပ်ရန် စီစဉ်ထားသော်လည်း Lay သတိလစ်ခဲ့ခြင်းကြောင့် အဖွဲ့သားများ သည် ဖျော်ဖြေပွဲ အစီစဉ်ကို ဖျက်သိမ်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags