ဂျမ်းစဘွန်းဇာတ်ရုပ်ကို ပြန်လည် သရုပ်ဆောင်သွားမယ်လို့ အရိပ်အမြွှက် ပြောကြားခဲ့တဲ့ ဒန်နီရဲလ်ခရက်

ဂျမ်းစဘွန်းဇာတ်ရုပ်ကို ပြန်လည် သရုပ်ဆောင်သွားမယ်လို့ အရိပ်အမြွှက် ပြောကြားခဲ့တဲ့ ဒန်နီရဲလ်ခရက်

လော့စ်အိန်ဂျလိစ် ၊ အောက်တိုဘာ ၁၁ ။                  ။ ဗြိတိန်မင်းသားကြီး ဒန်နီရဲလ်ခရက်က New Yorker Festival ပွဲတော်တွင် ဂျိမ်းစဘွန်းဇာတ်ရုပ်ကို သရုပ်ဆောင်ခြင်းသည် ကမ္ဘာပေါ်တွင် အကောင်းဆုံး အလုပ်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဒန်နီရဲလ်ခရက်သည် တစ်ကြိမ်က ဂျိမ်းစဘွန်းအဖြစ် တစ်ဖန် ပြန်လည် သရုပ်ဆောင်ခြင်းထက် ၎င်း၏ လက်ကောက်ဝတ်ကို ရိုက်ချိုးလိုက်ခြင်းက ပိုကောင်းဦးမည်ဟု ပြောကြားခဲ့ဖူးသောကြောင့် ဂျိမ်းစဘွန်းအဖြစ် သရုပ်ဆောင်ရန် ဆန္ဒရှိပုံမရဟု တွေးထင်ခဲ့သော်လည်း ယခုအခါ စိတ်ပြောင်းသွားပုံရသည်။

ဒန်နီရဲလ်သည်  New Yorker Festival ပွဲတော်တွင် ဂျိမ်းစဘွန်းဇာတ်ရုပ်နှင့် စပ်လျဉ်း၍ အပြုသဘော ဆောင်သော ပြောကြားချက်များကိုသာ ပြောကြားခဲ့သည်။

“ ဂျိမ်းစဘွန်းအဖြစ် သရုပ်ဆောင်တာဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးအလုပ်ပါ။ ဒါကြောင့်လည်း ကျွန်တော် ဂျိမ်းစဘွန်း ရုပ်ရှင်ကားမှာ သရုပ်ဆောင်တာပါ။ ဒီလို ဂျိမ်းစဘွန်းဇာတ်ရုပ်ကို သရုပ်ဆောင်တဲ့ အလုပ်လို ကောင်းတဲ့အလုပ် မရှိတော့ပါဘူး”ဟု ဒန်နီရဲလ်က ပြောကြားခဲ့သည်။

“ ကျွန်တော် ဂျိမ်းစဘွန်း ဇာတ်ရုပ်ကို ရပ်နားလိုက်မယ်ဆိုရင် အရမ်း သတိရနေမှာပါ။ ဒါဟာ သည်းထိတ်ရင်ဖိုဆုံး ဇာတ်ရုပ်တစ်ခုဖြစ်ပါတယ်။ ကျွန်တော် ဂျိမ်းစဘွန်းအဖြစ် သရုပ်ဆောင်ရတာကို ချစ်မြတ်နိုးပါတယ်။”ဟု ဒန်နီရဲလ်ခရက်က ပြောကြားခဲ့သည်။

ဒန်နီရဲလ်ခရက်သည် ဂျိမ်းစဘွန်းဇာတ်ကား နှစ်ကားအတွက် အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကမ်းလှမ်းမှုကို ငြင်းဆိုခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly