မူးယစ်ဆေးဝါး သုံးစွဲမှုဖြင့် မင်းသား Choi Chang Yeob ဖမ်းဆီးခံရ

မူးယစ်ဆေးဝါး သုံးစွဲမှုဖြင့် မင်းသား Choi Chang Yeob ဖမ်းဆီးခံရ

ဆိုးလ် ၊ အောက်တိုဘာ ၈ ။                 ။ တောင်ကိုရီးယား မင်းသား Choi Chang Yeobသည် မူးယစ်ဆေးဝါး သုံးစွဲမှုဖြင့် ဖမ်းဆီးခံခဲ့ရကြောင်း အောက်တိုဘာ ၈ ရက်က သတင်းထုတ်ပြန်သည်။

နေအိမ်တွင် မူးယစ်ဆေးဝါး အကြောထဲသို့ ထိုးသွင်းသည်ဟု သံသယရှိမှုဖြင့် Choi Chang Yeobကို စက်တင်ဘာလက စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း နှင့် ယခုအခါ ၎င်းအား ဖမ်းဆီးခဲ့ပြီ ဖြစ်သည်ဟု သတင်းအရင်းမြစ် တစ်ခုက ပြောကြားသည်။

စုံစမ်း စစ်ဆေးမှုများအရ ပြီးခဲ့သည့်နှစ် မေလက  Choi Chang Yeob သည်  အခြား တစ်ယောက်နှင့်အတူ  မူးယစ်ဆေးဝါးကို အကြောထဲသို့ ထိုးသွင်းခဲ့သည်ဟု သိရသည်။

“ မူးယစ်ဆေးဝါး သုံးစွဲမှု သံသယရှိမှုဖြင့်  Choi Chang Yeob အဖမ်းခံရတယ်ဆိုတဲ့ သတင်းဟာ အမှန်ပါပဲ။ သူ့ကို စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့လည်း ဒီကိစ္စကို   ဖြေရှင်းဖို့ အတွက် ရှေ့နေတစ်ယောက် ခန့်အပ်ဖို့ ပြင်ဆင်နေပါတယ်။ ဒီလိုဖြစ်ရပ် ဖြစ်ခဲ့တဲ့အတွက် ကျွန်တော်တို့ ပရိတ်သတ်တွေကို တောင်းပန်ပါတယ်”ဟု  Choi Chang Yeob၏ အေဂျင်စီ Sammaru  အင်တာတိန်းမန့်က ပြန်လည် ဖြေကြားခဲ့သည်။

Choi Chang Yeob သည် ၂၀၁၁ ခုနှစ်က  KBS ရုပ်သံ အစီစဉ်တွင် ပွဲဦးထွက် ပါဝင်ခဲ့ပြီးနောက် ယင်းနှစ်တွင်ပင် သရုပ်ဆောင် လုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့သည်။ နောက်ပိုင်းတွင် Choi Chang Yeob သည် “The Great Doctor” နှင့် “School 2013”  နှင့် အခြားသော ဇာတ်ကားများ အပါအဝင် ဒရမ်မာဇာတ်ကားများတွင် ပါဝင် သရုပ်ဆောင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly