မြေစာ ရင်းဌာနမှ အကျင့်ပျက် ဝန်ထမ်းများအား ဖော်ထုတ်အရေးယူပေးရန် တိုင်းအစိုးရထံ တောင်းဆို

မြေစာ ရင်းဌာနမှ အကျင့်ပျက် ဝန်ထမ်းများအား ဖော်ထုတ်အရေးယူပေးရန် တိုင်းအစိုးရထံ တောင်းဆို

ပုသိမ်၊ အောက်တိုဘာ ၇ ။          ။ တိုင်း၊ ခရိုင်၊ မြို့နယ် မြေစာ ရင်းဌာနမှ အကျင့်ပျက် ခြစားနေသည့် ဝန်ထမ်းများအား ဖော်ထုတ်အရေးယူပေးရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရအား အောက်တိုဘာလ ၇ ရက် နေ့တွင် တောင်သူလယ်သမား အင်းအား၂၀၀ ကျော်က တောင်းဆို ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဆန္ဒဖော်ထုတ်ပွဲအား မြေစာရင်းဌာနမှ အကျင့်ပျက်ခြစားနေသည့် ဝန်ထမ်းများအား ဖော်ထုတ်အရေးယူ ပေးရန်၊ သာ ပေါင်းမြို့နယ်၊လှေကြီးတက်ကျေးရွာအုပ်စု၊ ကြက်သွန်ကွင်းကျေးရွာပိုင်   ဘောလုံးကွင်းအား တိုင်းမြေစာရင်းနှင့်ပူးပေါင်း၍ မတရားသိမ်းဆည်းထားမှုအား အမှုမှန်ပေါ်ပေါက်ရေးစစ်ဆေး အရေးယူပေးရန်၊ မတရားသိမ်းဆည်းခံ လယ်မြေများ အ ပေါ် အသုံးပြုမြေများအား လျော်ကြေး၊ နစ်နာကြေးပေးဆောင်ရန်နှင့် အသုံးပြုသည့် မြေလွတ်များအား၂၀၁၂ခုနှစ် လယ် ယာမြေဥပဒေနှင့် အညီ မူလပိုင်ရှင်အား အမြန်ဆုံးပြန်လည် လွှဲပြောင်း လုပ်ပိုင်ခွင့် ရရှိစေရန်၊ တိုင်းအစိုးရ၏ ဆုံးဖြတ် ချက်များ ညွန်ကြားချက်များ တိကျစွာလိုက်နာဆောင်ရွက်ခြင်းမရှိသော အောက်ခြေဌာနဆိုင်ရာများအား ထိရောက်စွာ အရေးယူပေးနိုင်ရန် ရည်ရွယ်ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဆန္ဒဖော်ထုတ်ပွဲတွင်"မတရားသိမ်းဆည်းဆံ လယ်မြေများ ပြန်လည်ရရှိရေး၊ဒေသခံပြည်သူများ မြေယာလုပ်ကိုင်ခွင့် ရရှိ ရေး၊သစ်တောပိုင်မြေများနှင့် လုပ်ပိုင်ခွင့်ရသူများမှ ဒေသခံပြည်သူများနှင့် လယ်သူများ တရားစွဲဆိုခံရမှုများအပေါ် ပြန် လည် စိစစ်ပေးရေး ဒို့အရေး၊ အကျင့်ပျက်ဝန်ထမ်း အလိုမရှိ”စသည့် ကြွေးကြော်သံများ ကြွေးကြော်တောင်းဆိုခဲ့သည်။

"ဧရာဝတီတိုင်းဒေသကြီးအစိုးရကို တိုင်ကြားတယ် ။ ဖြေရှင်းဆောင်ရွက်ပေးဖို့ စာတွေထုတ်တယ် ။ အောက်ခြေဌာန တိုင်း၊ ခရိုင်၊ မြို့နယ် စာထုတ်ခိုင်းပေးမယ်လုပ်ဆောင်ပေးမှုမရှိလို့ ဆန္ဒဖော်ထုတ်တာ”ဟု လူအခွင့် အရေး ကာကွယ်မြင့် ရေးအဖွဲ့က ဦးထွန်းထွန်းဦးက ဆန္ဒဖော်ထုတ်သူများအားပြောသည်။

ဆန္ဒဖော် ထုတ်ပွဲအား ပုသိမ်မြို့၊ ဗိုလ်ချုပ်ပန်းခြံက စတင်ပြီး မဟာဗန္ဓုလလမ်း၊ မင်းကြီးလမ်း၊ ရွှေစေတီလမ်းနှင့် ကမ်းနား မြို့တော် ခန်းမရှေ့တွင် ဟောပြောခဲ့ပြီး၊ ဆန္ဒဖော်ထုတ်ပွဲတွင် သာပေါင်း၊ ငပုတော၊ မြောင်းမြနှင့် ပုသိမ်မြို့နယ်များမှ တောင်သူလယ်သမားများပါဝင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly