ပထမဆုံးကြွေခဲ့မိတဲ့သူက ဘရက်ဒ်ပစ်ပါလို့ ပြောလာတဲ့ ဘရစ်တနီစပီးယား

ပထမဆုံးကြွေခဲ့မိတဲ့သူက ဘရက်ဒ်ပစ်ပါလို့ ပြောလာတဲ့ ဘရစ်တနီစပီးယား

နယူးယော့ခ် ၊ အောက်တိုဘာ ၇  ။             ။ အမေရိကန်အဆိုတော် ဘရစ်တနီစပီးယားသည် ယခုသီတင်းပတ်က သြစတြေးလျ ရုပ်မြင်သံကြားနှင့်ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင် မင်းသားတစ်ဦးအပေါ် ယခုထိကြွေနေဆဲ ဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။

အသက် ၃၄ နှစ်အရွယ်ရှိ ပေါ့ပ်ဘုရင်မ  ဘရစ်တနီစပီးယားက အောက်တိုဘာ ၆ရက်က သြစတြေးလျရုပ်သံအစီစဉ် “ Today Show” နှင့်ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင် ၎င်းပထမဆုံး နှစ်သက်သဘောကျမိသည့် အနုပညာရှင်နှင့်စပ်လျဉ်း၍ မေးခွန်းကို ယခုကဲ့သို့ ဖြေကြားခဲ့သည်။

“ ကျွန်မ ပထမဆုံးနှစ်သက် သဘောကျမိတဲ့ အနုပညာရှင်ကတော့ ဘရက်ဒ်ပစ်ဖြစ်ပါတယ်။ သူက အခုတစ်ယောက်တည်း ဖြစ်နေပါပြီ”ဟု ဘရစ်တနီက ရယ်လျက် ဖြေကြားခဲ့သည်။

“ဂျနီဖာအန်နစ္စတန် နဲ့ ဘရက်ဒ်ပစ်တို့ လမ်းခွဲခဲ့တာ ကျွန်မတို့ သိထားပြီဖြစ်ပါတယ်။ ဒါကြောင့် ဘရက်ဒ်ပစ်က ကျွန်မအကြောင်းကို တွေးနေမယ်လို့ ကျွန်မခံစားခဲ့ရတယ်။ ဒါပေမဲ့ ဒါဟာ ခဏပါပဲ။၂၀၀၅ ခုနှစ်မှာ ဘရက်ဒ်ပစ်ဟာ  အိန်ဂျလီနာဂျိုလီ နဲ့ အတူနေခဲ့တယ်။ကျွန်မတွေးထားတဲ့အတိုင်း ဖြစ်မလာပါဘူး။ ဒါပေမဲ့ ကျွန်မ ဂရုမစိုက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ စိတ်ကူးယဉ်လို့ ရတယ်လေ ” ဟုဘရစ်တနီက ပြောကြားခဲ့သည်။

စပီးယားသည်  ၂၀၀၆ ခုနှစ်က ကီဗင်ဖီဒါလိုင်း နှင့် လမ်းခွဲခဲ့ခြင်းကြောင့် လက်ရှိအချိန်တွင် တစ်ကိုယ်တည်းဘဝဖြင့် ရပ်တည်နေသည်။ ဘရစ်တနီသည် ကီဗင်ဖီဒါလိုင်းနှင့်  အသက်၁၁ နှစ်အရွယ် ဂျေဒန်းဂျိမ်းစ် နှင့် အသက်၁၀ နှစ်အရွယ် ဆီအန်ပရက်စတန်တို့ သားနှစ်ဦးထွန်းကားခဲ့သည်။

  ဗြိတိန်မဂ္ဂဇင်း “Loose Wonen”  ရုပ်သံအစီစဉ် နှင့်ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင် ဘရစ်တနီက လက်ရှိအချိန်တွင် တစ်ကိုယ်တည်းဘဝကို ပျော်ရွှင်နေမိကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly