အသက် ၄၀ ပြည့် မွေးနေ့ပွဲကို ချစ်သူ လုယီဖေးနဲ့ အတူ ကျင်းပခဲ့တဲ့ ဆောင်ဆောင်းဟွန်း( ဂျွန်စော)

အသက် ၄၀ ပြည့် မွေးနေ့ပွဲကို ချစ်သူ လုယီဖေးနဲ့ အတူ ကျင်းပခဲ့တဲ့ ဆောင်ဆောင်းဟွန်း( ဂျွန်စော)

ဆိုးလ် ၊ အောက်တိုဘာ ၆ ။                  ။ တောင်ကိုရီးယား မင်းသားချော ဆောင်ဆောင်းဟွန်း (ဂျွန်စော) သည် အသက် ၄၀ပြည့် မွေးနေ့ပွဲကို ချစ်သူ လုယီဖေး ၊ ထိပ်တန်း အနုပညာရှင်များနှင့်အတူ ကျင်းပခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဆောင်ဆောင်းဟွန်းသည် မကြာသေးမီက ဂမ်နမ်းဒေသရှိ ကလပ်တစ်ခုတွင် မွေးနေ့ပါတီပွဲကို ကျင်းပခဲ့ကြောင်းနှင့် ပါတီပွဲသို့ ၎င်း၏ ရင်းနှီးသော သူငယ်ချင်းများဖြစ်သည့် လီဗြောင်ဟွန်း ၊ လီမင်ဂျောင် ၊ ရှင်ဒေါင်ဟပ် နှင့်အခြားသော အနုပညာရှင်များ တတ်ရောက်ခဲ့ကြကြောင်း OSENက ပြောကြားသည်။

” လုယီဖေးဟာ ဆောင်ဆောင်းဟွန်းရဲ့မွေးနေ့ ပါတီပွဲကို တတ်ရောက်တယ်ဆိုတာ အမှန်ပါပဲ။ ဒါပေမဲ့ ဒီထက်ပိုပြီး ကျွန်တော်တို့ အသေးစိတ် အချက်အလက်တွေကို မပြောနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ဒါဟာ ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုဖြစ်လို့ပါ”ဟု ဆောင်ဆောင်းဟွန်း၏ အေဂျင်စီက ပြောကြားခဲသည်။

ဆောင်ဆောင်းဟွန်းသည် အောက်တိုဘာ ၅ ရက်က ၎င်း၏ အသက်၄၀ပြည့် မွေးနေ့ပွဲကို ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ မကြာသေးမီက ကျင်းပပြုလုပ်ခဲ့သော ပါတီပွဲသည် ဆောင်ဆောင်းဟွန်း နှင့် လုယီဖေးတို့ နှစ်ဦး ချစ်သူအဖြစ် ရှိနေသေးကြောင်းကို သက်သေပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly