လူမှုရေးနှင့် နိုင်ငံရေး ပေါ်လစီများ ချမှတ်နိုင်ရေး ရှမ်းလူထုအခြေပြု အဖွဲ့အစည်းများ ဖိုရမ် ကျင်းပ

လူမှုရေးနှင့် နိုင်ငံရေး ပေါ်လစီများ ချမှတ်နိုင်ရေး ရှမ်းလူထုအခြေပြု အဖွဲ့အစည်းများ ဖိုရမ် ကျင်းပ

ချင်းမိုင်၊ အောက်တိုဘာလ ၆  ။         ။ ရှမ်းမျိုးသားအားလုံး စည်းလုံးညီညွတ်၍ အမျိုးသားရေးနှင့် နိုင်ငံရေးတွင် ရှမ်းလူထုအခြေပြုအဖွဲ့အစည်းများ စုပေါင်း အ ဖြေရှာနိုင်ရေး ပေါ်လစီများ ချမှတ်နိုင်ရန် ရှမ်းလူထုအခြေပြု အဖွဲ့အစည်းများဖိုရမ်ကို ရှမ်းပြည်နယ် လားရှိူးမြို့တွင် အောက်တိုဘာလ ၅ ရက်က စတင်ကျင်းပလျှက်ရှိသည်။

လားရှိူးမြို့ရှိ ရှမ်းစာပေယဉ်ကျေးမှုအသင်းတိုက်တွင် ရှမ်းနိုင်ငံရေးပါတီများ၊ ရှမ်းလက်နက်ကိုင် အဖွဲ့အစည်းများ၊ လူ ငယ်၊ အမျိုးသမီးအဖွဲ့အစည်းများ၊ စာပေယဉ်ကျေးမှုအဖွဲ့၊ သံဃာတော်များနှင့် လူမှုအခြေပြု အဖွဲ့အစည်းပေါင်း ၃၀ ကျော်မှ ကိုယ်စားလှယ် စုစုပေါင်း(၂၀၀)ကျော် တက်ရောက်နေပြီး အောက်တိုဘာလ ၇ ရက်ထိ သုံးရက်ကြာ ဆွေး နွေးကြမည် ဖြစ်သည်။

အဆိုပါ ဖိုရမ်တွင် လူမှုအခြေပြုအဖွဲ့အစည်းများအနေဖြင့် အမျိုးသားရေး၊ နိုင်ငံရေး ဆုံးဖြတ်ချက် ချမှတ်နိုင်မှုတွင် ပါ ဝင်နိုင်ရေး၊ ရှမ်းလှုမှုရေးအဖွဲ့အစည်းများ အားလုံး စုပေါင်းပြီး ရှမ်းလူထုများ ကြုံတွေ့နေရသည့် အခက်အခဲများကို ဝိုင်းဝန်း အဖြေရှာရေး အဓိကထား ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဖိုရမ်ဖြစ်မြောက်ရေးကော်မတီမှ နန်းဆိုင်းဇွမ်က ပြော သည်။

“ရှမ်းလူထုတရပ်လုံးရဲ့ ဘဝ လူမှုရေး၊ နိုင်ငံရေး၊ ပညာရေးစတဲ့ ပြဿနာအစုံပေါ့။ အဲဒါတွေကို ကျမတို့ဘယ်လို ရှာ ဖွေ မလဲ၊ ဘယ်လို စုပေါင်းပြီး လုပ်ဆောင်ကြမလဲဆိုတာတွေ၊ ကျမတို့ နိုင်ငံရေး ပြဿနာ ဖြေရှင်းတဲ့နေရာမှာ ဒီနိုင်ငံရေး ပြဿနာမှာ လည်း ထူလုအခြေပြု အဖွဲ့အစည်းတွေ ပါဝင်နိုင်ဖို့ အဓိကပါတယ်။ ဒါက အရေးကြီးတဲ့ ခေါင်းစဉ် တခုပေါ့ နော်”ဟု ၎င်းက ပြောသည်။

ယနေ့ ပထမနေ့တွင် နယ်မြေအသီးသီးမှ တက်ရောက်လာသော လူထုအခြေပြုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ရှမ်းလူထုအတွင်း ကြုံတွေ့နေရသော ပညာရေးပြဿနာ၊ မူးယစ်ဆေးဝါး ပြဿနာနှင့် လူငယ်များအကြား ကြုံတွေ့နေရ သော အခက်အခဲများကို တင်ပြခဲ့ကြသည်ဟု ဆိုသည်။

သုံးရက်ကြာ ဆွေးနွေးမှုမှ နိုင်ငံရေး ဆိုင်ရာ ပေါ်လစီတစ်ခု ချမှတ်ရန် မျော်လင့်ထားသည်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly