မီဒီယာအား မည်ကဲ့သို့ စီမံကိုင်တွယ်ရမည်ကို သင်ယူရန် လိုအပ်ကြောင်း ဧရာဝတီတိုင်းလွှတ်တော် ဥက္ကဋ္ဌဆို

မီဒီယာအား မည်ကဲ့သို့ စီမံကိုင်တွယ်ရမည်ကို သင်ယူရန် လိုအပ်ကြောင်း ဧရာဝတီတိုင်းလွှတ်တော် ဥက္ကဋ္ဌဆို

ပုသိမ်၊ အောက်တိုဘာ ၅ ။                ။ အောင်မြင်သည့် လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်ရန်  မီဒီယာအား မည်ကဲ့သို့ စီမံကိုင်တွယ်ရမည်ကို သင် ယူရန်လိုအပ်ကြောင်း ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး နောက် ဆုံးနေ့တွင် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌဦးအောင်ကျော်ခိုင်က ပြောကြားခဲ့သည်။

"ဒီမိုကရေစီစနစ်မှာ မီဒီယာဟာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးချင်း လွှတ်တော်တစ်ခုလုံးရယ် လုပ်ဆောင်ချက် တွေ ကို လူထုထံ တင်ပြပေးခြင်းဖြစ်လို့ အဖိုးမဖြတ်နိုင်တဲ့ လူထုအတွင်း ထိုးဖောက်   ရောက်ရှိမှုကို ဖန်းတီးပေးနိုင်ပါ တယ်။ သို့သော် မီဒီယာသည် လွှတ်တော်ကိုယ်စားလှယ်များ ပုံရိပ်ကို ထိခိုက်အောင်လည်း လုပ်ဆောင်နိုင်ပါတယ်၊ မီဒီ ယာ လမ်းကြောင်း အမျိုးမျိုးမှာ မျှတခြင်းနဲ့ ဘက်လိုက်မှုကင်းခြင်း အတိုင်းအတာများစွာ ကွဲပြားနိုင်ပါတယ်” ဟု တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က လွှတ်တော်ကိုယ်စားလှယ်များအား အပိတ်အမှာစကားတွင် ပြောကြား ခဲ့ခြင်း ဖြစ်သည်။

မီဒီယာအား ထိရောက်စွာကိုင်တွယ်နိုင်ပါက အလွန်အဖိုးတန်သော လက်နက်ဖြစ်သည်ကို သတိထားကြရန် လိုအပ်ပြီး တစ်ဘက်တွင်လည်း ဒီမိုကရေစီ စနစ်ကူးပြောင်းစ တိုင်းပြည်၏ လွှတ်တော် တစ်ခု အပေါ်လက်တွေ့ကျသည့် မျှော်လင့် ချက်များထားရှိရမည်ကိုလည်း မီဒီယာများ နှင့် သတင်းစာ ဆရာများက ရှင်းရှင်းလင်းလင်းသဘောပေါက်ထားရမည် ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ထို့အပြင် ကိုယ်စားလှယ်များအနေဖြင့်  ပြည်သူအများစု ရွေးချယ်တင်မြောက်လိုက်သည့် ဥပဒေပြုသူများ ဖြစ်သည့်အတွက် မဲဆန္ဒရှင်များ၏ ရပိုင်ခွင့်များကို ကာကွယ်စောင့် ရှောက်ပေးနိုင်ပြီး မိမိ မဲဆန္ဒနယ်၏ ယုံကြည်ကိုးစားမှုနှင့် ရိုသေလေးစားမှုရရှိကာ မိမိဂုဏ်သတင်းကို တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ပျံနှံအောင် ဆောင်ရွက်နိုင်ကြပါစေဟုလည်း  တိုက်တွန်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly