သားသမီးများအပေါ် ညှင်းပန်းနှိပ်စက်သည့် အပြုအမူမျိုး ဘရက်ပစ်ဒ်တွင် မတွေ့ရကြောင်း မီလစ်ဆာအက်သရစ်ချ် ပြောကြား

သားသမီးများအပေါ် ညှင်းပန်းနှိပ်စက်သည့် အပြုအမူမျိုး ဘရက်ပစ်ဒ်တွင် မတွေ့ရကြောင်း မီလစ်ဆာအက်သရစ်ချ် ပြောကြား

နယူးယော့ခ် ၊ အောက်တိုဘာ ၅ ။               ။ ဟောလိဝုဒ်မင်းသား ဘရက်ဒ်ပစ်နှင့် အချိန်ကာလ ကြာမြင့်စွာ သိရှိခဲ့သော သူငယ်ချင်းဖြစ်သူ မီလစ်ဆာအက်သရစ်ချ်က ဘရက်ပစ်ဒ်တွင် သားသမီးများအပေါ် ညှင်းပန်းနှိပ်စက်သည့် အပြုအမူမျိုး မတွေ့ရကြောင်း ပြောကြားခဲ့ပြီး ဂျိုလီ၏ ကွာရှင်းခွင့် တောင်းခံမှုအပေါ် ပြစ်တင်ရှုတ်ချခဲ့သည်။

အသက် ၅၅ နှစ်အရွယ်ရှိ ကန်ထရီးအဆိုတော် မီလစ်ဆာအက်သရစ်ချ်က အောက်တိုဘာ ၃ရက်က SiriusXM ရေဒီယိုရှိုး အစီစဉ်တွင် ယခုကဲ့သို့  ပြောကြားခဲ့ခြင်းဖြစ်သည်။”  ဘယ်သူမဆို လူပုဂ္ဂိုလ်တစ်ဦးအနေနဲ့ လက်ထပ်ခွင့် ၊ ချစ်ခြင်းသံယောဇဉ် ၊ သားသမီး ထိန်းသိမ်းစောင့်ရှောက်ခွင့်တွေ ရရှိရမှာဖြစ်ပါတယ်။ ကျွန်မကတော့ အဲ့လိုမြင်ပါတယ်”ဟု မီလစ်ဆာအက်သရစ်ချ်က   ပြောကြားသည်။

“ သားသမီးတွေအပေါ် နှုတ်ဖြင့်ရော ကိုယ်ထိလက်ရောက်ပါ ညှင်းပန်းနှိပ်စက်တယ်လို့ ကောလဟာလ သတင်းတွေကြားထဲမှာ အသက်ရှင်နေထိုင်နေရတဲ့ ဘရက်ဒ်ပစ်ကို တွေ့တဲ့အခါ  ကျွန်မ အရမ်းစိတ်မကောင်း ဖြစ်ရပါတယ်”ဟု မီလစ်ဆာအက်သရစ်ချ်က  ပြောကြားသည်။

ကွာရှင်းခွင့်တင်ခဲ့သော အသက် ၄၁ နှစ်အရွယ် အိန်ဂျလီနာဂျိုလီနှင့်စပ်လျဉ်း၍လည်း မီလစ်ဆာအက်သရစ်ချ်က ပြောကြားခဲ့သည်။အိန်ဂျလီနာဂျိုလီသည် မင်းသား ဘေလီဘောသရွန်တန်နှင့် ဆက်ဆံရေး တွင်လည်း မနှစ်မြို့ဖွယ်အပြုအမူများရှိခဲ့ကြောင်း ရှုတ်ချပြောကြားခဲ့သည်။

မီလစ်ဆာအက်သရစ်ချ်သည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ဘရက်ဒ်ပစ် နှင့် ဂျနီဖာအန်နစ္စတန်တို့၏ မင်္ဂလာပွဲတွင် သီချင်းဆိုပေးခဲ့ဖူးသည်။

ဘရက်ဒ်ပစ်သည်  ကိုယ်ပိုင်လေယာဉ်ပေါ်တွင် အိန်ဂျလီနာဂျိုလီနှင့်  စကားများမှုအတွင်း သားသမီးများအနက် တစ်ဦးကို  ရုတ်ရင်းကြမ်းတမ်းသော စကားများပြောဆိုခဲ့သည့်အပြင် ကိုယ်ထိလက်ရောက် ညှင်းပန်းနှိပ်စက်မှုဖြင့် စွဲချက်တင်ခံထားရသည်။

ဂျိုလီနှင့် ဘရက်ပစ်ဒ်တို့သည်  “Mr & Mrs Smith” ဇာတ်ကားတွင် အတူသရုပ်ဆောင်ရင်း ချစ်သူတွေ ဖြစ်ခဲ့ကြပြီး ၂၀၁၄ သြဂုတ်လက လက်ထပ်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly