ပြည်သူအားလုံး ပါ၀င်နိုင်မယ့် စုပေါင်းအိပ်မက် အနုပညာပွဲတော်

ပြည်သူအားလုံး ပါ၀င်နိုင်မယ့် စုပေါင်းအိပ်မက် အနုပညာပွဲတော်

ရန်ကုန်၊ အောက်တိုဘာ ၄ ။              ။ လူတန်းစားမခွဲခြားဘဲ လူသားတိုင်းပါဝင်နိုင်မည့် အခမဲ့ အနုပညာပွဲတော်တစ်ခုကို ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်

လူသားအချင်းချင်း ခွဲခြားဆက်ဆံမှုမရှိဘဲ တစ်ယောက်ချင်းစီတိုင်းကို အသိအမှတ်ပြုနေထိုင်းရင်း ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ဖို့ ရည်ရွယ်ချက်ဖြင့် အဆိုပါ အနုပညာပွဲတော်ကို “ စုပေါင်းအိပ်မက် မက် ကြစို့” ဟု အမည်ပေးထားကြောင်းနှင့် ပွဲ စီစဉ်ဖြစ်ပုံကို ပွဲအစီအစဉ်ညှိုနှိုင်းရေးမှူး  စာရေးဆရာမ စုမီအောင်က ပြောပါတယ်။

“ ပြည်သူလူထုက စားဝတ်နေရေးအတွက်ပဲ ရုန်းကန်နေကြရတယ်။ လူတန်းစားအသီးသီးမှာ အနုပညာနဲ့ စွမ်း ဆောင်မှုတွေမှာ ခံစားသက်ဝင်မှုတွေ အားလျော့လာတယ်။ အတွေးအမြင်နဲ့ အနုပညာခံစားသက်ဝင်မှုတွေ အားကောင်းလာအောင်၊ တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် တန်ဖိုးထားဆက်ဆံပြီး ရိုင်းပင်းတက်အောင် ရည် ရွယ် ပြီး ဒီပွဲလေးကို အားလုံးပါဝင်နိုင်အောင် အခုလို စီစဉ်ဖြစ်တာပါ” ဟု သူကဆိုပါတယ်။

ဖန်တီးမှုအသစ်တွေနဲ့ အတူ လာရောက်ကြတဲ့ ပရိသတ်တွေပါ ပူးပေါင်းပါဝင်မှာ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ ကိုယ် ပိုင် ဟန်နဲ့ပဲ အသစ်တွေကို တင်ဆက်သွားမည်ဖြစ်ကြောင်းကို ရက်ပ်ဂေး အဆိုတော် စောဖိုးခွားက အခုလိုပဲ ပြောပါတယ်။

“ကျွန်တော်တို့က ကိုယ်ပိုင် Image တွေ ရှိတယ်။ ကိုယ့်အဖွဲ့ နဲ့ ကိုယ် ကိုယ့် Image အောက်ကနေပဲ ဖျော်ဖြေ ရေးတွေလုပ်မယ်။ Organize လုပ်မယ်။ New Art တွေလည်း ပါမယ်။ ကျွန်တော်ဆိုလိုက်တဲ့ သီချင်းကို ပန်းချီ ဆရာတွေကို live ဆွဲမယ်။ အာ့လို ထူးခြားတဲ့ ပါဖောမန့်လေးတွေလည်း စီစဉ်ထားပါတယ်။”

အဆိုပါပွဲနေ့တွင် လူထုအားလုံးကို ဖျော်ဖြေနိုင်ရန် ဆရာမ မသီတာ (စမ်းချောင်း) ဦးဆောင်သော စာရေး ဆရာ များ၊ ကဗျာဆရာများ၊ သူခုမ ခရီးသွားလူငယ်များ(Peace Music Group)၊ ပန်းချီဆရာ ဇော်သက်ထွေး ဦး ဆောင်တဲ့ အနုပညာသမားများ၊ ပုံပြောသူများအဖွဲ့( Story for Change)၊ အဆိုတော် စောဖိုးခွားဦးဆောင်တဲ့ one love ဂီတ အနုပညာရှင်များ၊ ကိုမိုးနိုင်ဦး ဦးဆောင်တဲ့ ဂီတမိတ် သံစုံဂီတအဖွဲ့နှင့် ဦးမျိုးမြတ်သူနှင့် ရိုက် ကူးရေး အဖွဲ့သားများ စုစုပေါင်း အဖွဲ့သားဦးရေ ၈၀ ခန့် ပူးပေါင်းတင်ဆက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ “စုပေါင်း အိပ်မက် မက်ကြစို့” အမည်ပေးထားတဲ့ အနုပညာပွဲတော်ကို အောက်တိုဘာ ၁၆ ရက်တွင် ည နေ သုံးနာရီမှ ခြောက်နာရီအထိ ပြုလုပ်သွားမည်ဖြစ်ပြီး ဂီတဖျော်ဖြေပွဲများအပါအဝင် ကလေးများကို ပုံပြော ပြ ခြင်း၊ စုပေါင်းကဗျာရွတ်ခြင်းနှင့် အခြားသော စိတ်ဝင်စားဖွယ်ရာအစီအစဉ်များကိုပါ ထည့်သွင်း ကျင်းပသွား မည်ဖြစ်ကြောင်း သိရပါတယ်။

ပွဲနှင့် ပတ်သက်သည့် စာနယ်ဇင်း ရှင်းလင်းပွဲကိုတော့ အောက်တိုဘာ ၄ ရက်က အောက်ပုဇွန်တောင်လမ်းရှိ PEN Myanmar ရုံးခန်းမှာ ပြုလုပ်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly